အချစ်ရေးကိစ္စနဲ့ပါတ်သတ်ပြီး လတ်တလော လှုပ်လှုပ်ရှားရှား သိပ်မတွေ့ကြရတဲ့ ရဲရင့်အောင်ကတော့ သူ့ရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားလိုက်ပါပြီ ။ ပရိတ်သတ်တွေ စိတ်ဝင်စားနေကြတဲ့ သူ့ရဲ့ အချစ်ရေးနဲ့ ပါတ်သတ်လို့ ယခင်က ပရိတ်သတ်တွေပြောနေကြတဲ့အတိုင်း မော်ဒယ်သရုပ်ဆောင် ဧငြိမ်းဖြူနဲ့ ချစ်သူတွေဖြစ်နေကြတာ ၆ လပြည့်ခဲ့ပြီးပါပြီလို့ Myanmar Celebrities ရဲ့ အင်တာဗျူးတစ်ရပ်မှာ သူကဆိုပါတယ် ။

အွန်လိုင်းပေါ်ကဝေဖန်မှုတွေနဲ့ ပါတ်သတ်ပြီးတော့ ...

" အချစ်ရေးကတော့ အားလုံးလဲသိပါတယ် ။ အေးဆေးပါပဲ ။ ကျွန်တော်တို့ကအရင်ထဲကရင်းနှီးနေတာကြာပါပြီ ။ ခုလည်း ပြန်ပြီးတော့ လက်တွဲဖြစ်တယ် ။ ဒီလောက်ပါပဲ ။ ကျွန်တော် Online က ဟာတွေနဲ့ပါတ်သတ်ပြီး သိပ်မခံစားတော့တာကြာပြီပေါ့နော် ။ မခံစားတတ်တော့ဘူး " လို့ သူကဆိုပါတယ် ။

" ကျွန်တော်တို့ချစ်သက်တမ်း ၆ လပြည့်ပြီးခဲ့ပါပြီ ။ ပျော်ပါတယ် ။ ကျွန်တော်တို့က သူငယ်ချင်းဆိုလဲဟုတ်တယ် ။ မိသားစုဆိုလည်း ဟုတ်တယ် ။ သမီးရည်းစားဆိုလည်း ဟုတ်တယ် ။ ကျွန်တော်တို့ အဲဒီလိုမျိုးပဲနေပါတယ် ။ အချို ့ပရိတ်သတ်တွေက သိကြပါတယ် ။ ကျွန်တော်လည်း ပြောစရာမလိုဘူးထင်လို့ပါ ။

ခုပြောပြတယ်ဆိုတာကလည်း စကားကြုံလို့ ဘာမှဖုံးကွယ်စရာမရှိတဲ့ အတွက် ကျွန်တော်ပြောပြတာပါ ။ Facebook တွေ Online တွေပေါ်တော့အများကြီး မပြောချင်ဘူး ။ ကျွန်တော်ဒီအတိုင်းလေးပဲနေချင်ပါတယ် ။ ပရိတ်သတ်တွေ အားပေးတာလဲ ဒီတိုင်းလေးပဲဆက်ပြီးအားပေးနေစေချင်ပါတယ် " လို့လဲ သူကဆိုပါတယ် ။ 

သူတို့ချစ်သူဖြစ်နေကြောင်း ယခင်ကငြင်းခဲ့ဖူးတဲ့ ကိစ္စနဲ့ပါတ်သတ်ပြီးတော့ ...

" ငြင်းခဲ့တာတော့ ငြင်းတယ် ။ အဲဒီတုန်းက ရည်းစားမဟုတ်သေးဘူးပေါ့ ။ ရည်းစားမဟုတ်သေးတော့ မဟုတ်ဘူးလို့ငြင်းတာပေါ့ ။ ဟုတ်မှမဟုတ်သေးတာ " လို့ ရဲရင့်အောင်ကဆိုသွားပါတယ် ...

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။