ပရိသတ်ကြီးရေ.. အကယ်ဒမီထူးချွန်ဆုတွေနဲ့ အခိုင်အမာအောင်မြင်နေတဲ့ မင်းသားဝေဠုကျော်ကတော့ အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ကာ ပြည်သူတွေအတွက် အမြဲရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း အလှူအတန်းတွေအပြင် တတ်နိုင်တဲ့ဘက်နေ အားလုံးနဲ့အတူ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်..။
စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် ဖေးမကူညီမှုတွေကိုပြုလုပ်နေတဲ့ ဝေဠုကျော်ကတော့ သီလရှင်ဆရာလေးတွေအတွက်လည်း စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး လိုအပ်တာတွေကို အားဖြည့်ကူညီနေတာလည်း ဖြစ်ပါတယ်..။
တောင်ဒဂုံမြို့နယ်က သီလရှင်ကျောင်းတွေအတွက် ဆန်နဲ့ အခြားစားသောက်ကုန်တွေကို ပေးဝေလှူဒါန်းခဲ့တာဖြစ်ပြီး အလှူရှင်တွေနဲ့အတူ ပရိသတ်တွေလည်း သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့ အလှူပုံရိပ်တွေကို ဝေမျှထားပါသေးတယ်..။
"10-4-2021
တောင်ဒဂုံမှ သီလရှင် ကမ္မဌာန်းကျောင်း ၅၂ ကျောင်းအတွက် အလှူ
ဝေဠုကျော်ဖောင်ဒေးရှင်းမှ
တောင်ဒဂုံမြို့နယ်၊ ၆၉ရပ်ကွက် ကျူးအိမ်များ လှူပေးပြီးနောက်
ကျူးအိမ်များ နောက်တွင် ရှိနေသော
သီလရှင်ကမ္မဌာန်းကျောင်းငယ် ၅၂ ကျောင်းရှိ
သီလရှင် ၆၂ပါး အတွက်ကိုလည်း
ဆန် ၆၂ပြည်
ကြက်သွန်နီ ၃၁ပိဿာ
ငါးခြောက် ၁၀ပိဿာ
မျှင်ငါးပိ ၁၁ပိဿာ
ကုလားပဲ ၂၁ပိဿာ
တို့ကို သွားရောက် လှူဒါန်း ပေးခဲ့ပါသည်။
အလှူရှင်များမှာ
(1) ဦးကျော်အေး နှင့် ဒေါ်သန်း
(2)ဦးဇော်မြင့် နှင့် ဒေါ်ကြူဝင်း
(3)မောင်အောင်ကျော်သန်း
(4)မောင်သီဟနှင့် မြတ်
(5)ကိုဇော်မင်း နှင့် မအေးအေးလေး မိသားစု
(6)စန္ဒာ နှင့် သူငယ်ချင်းများ
အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014
09776089484.." ဆိုပြီး အလှူရှင်တွေနဲ့အတူ အလှူပုံရိပ်တွေကို ဖောင်ဒေးရှင်းကနေ အသိပေးဝေမျှထားတာပဲ ဖြစ်ပါတယ်..။
သတင်း အရင်းအမြစ်៖ w Foundation's Fb Page