တောင်ဒဂုံက အိမ်ခြေ (၃၀၀)စု အတွက် စားနပ်ရိက္ခာများကို အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/e3/e3b474b7b5579e5e40c7201eb56bff3b86717d6e.jpeg
အနုပညာရှင်များ

 ၁၁-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

....

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အားလုံးက ချစ်စနိုးနဲ့ ပရဟိတမင်းသမီးကြီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် အလှူအတန်းတွေကို အားကြိုးမာန်တတ်လုပ်ဆောင်နေသူတစ်ယောက်ပါ။ " ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ" ကိုလည်း ဦးစီးတည်ထောင်ထားကာ မိဘမဲ့ကလေးတွေကို မိခင်ရင်းစဖွယ် အစစအရာရာ ကျွေးမွေးပြုစုစောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

ခုလိုကာလမှာလည်း ခိုင်နှင်းဝေကနေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ နေရာတွေကို အခက်အခဲတွေကြားကနေ သွားရောက်ကာ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းပေးနေတာလည်း တွေ့ရပါတယ်။ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ လေးစားအားကျနေကြတာပါ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

အခုလည်း တောင်ဒဂုံက အိမ်ခြေ (၃၀၀) စုအတွက် တစ်အိမ်ထောင်လျှင် ဆန် (၅) ပြည်စီကို အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း အလှူပုံလေးတွေနဲ့အတူ " တောင်ဒဂုံဘက်မှ အိမ်ခြေ (၃၀၀) အားတစ်အိမ်ထောင်လျှင် ဆန် (၅) ပြည်စီ လှူဒါန်းခဲ့ပါတယ်ရှင်...ဆန်မရှိတဲ့ ဆန်အိုးထဲသို့ ဆန်အလှူရောက်ရှိသွားတဲ့ အတွက် အလှူခံ ပုဂ္ဂိုလ်တွေရော အလှူရှင် ပုဂ္ဂိုလ်တွေပါ ကုသိုလ်တရား ပွားများ သာဓု ခေါ်နိုင်ကြပါစေရှင်.."ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T