ဂေဟာကကလေးတွေအတွက် လှူဒါန်းထားတဲ့အထဲက လိုအပ်နေသူတွေအတွက်ခွဲဝေပြီး ပြန်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/da/daa3438047e24081b47f28bbdc260ac263f2a8a2.jpg
အနုပညာရှင်များ

 ၁၂-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာအလုပ်တွေကိုလုပ်နေတဲ့အပြင် မိဘမဲ့ကလေးတွေခိုကိုးရာအဖြစ် အခိုင်အမာရပ်တည်ပေးနေတဲ့ သရုပ်ဆောင်မင်းသမီးခိုင်နှင်းဝေကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ခိုင်နှင်းဝေကတော့ စားဝတ်နေရေးခက်ခဲပြီး လိုအပ်နေတဲ့ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ကိုယ်တိုင်ကိုယ်ကျပြုလုပ်နေပြီး တတ်နိုင်သလောက်အားဖြည့်ကူညီနေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

ပြည်သူတွေအတွက် အမြဲရပ်တည်ပေးနေတဲ့ခိုင်နှင်းဝေကတော့ ဒီကနေ့မှာလည်း သူမရဲ့ခိုင်နှင်းဝေဂေဟာက ကလေးငယ်လေးတွေအတွက် လှူဒါန်းထားတဲ့အထဲက လိုအပ်နေသူတွေအတွက်ခွဲဝေပြီး ပြန်လည်လှူဒါန်းခဲ့ပြန်ပါတယ်..။

နို့ဗူး(၃၉)ဖာနဲ့ အားဆေးတွေကို ကလေးငယ်လေးတွေအတွက် ချန်ပြီး ကျန်တာတွေကို ပြန်လည်ခွဲဝေလှူဒါန်းခဲ့တာဖြစ်တဲ့အကြောင်းကို ခိုင်နှင်းဝေက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးမျှဝေထားတာ ဖြစ်ပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

"ကလေးတွေ အတွက် လာလှူထားတဲ့ နို့ဗူး (၃၉) ဖာ နှင့် အားဆေး (၆၀) ဖာ တို့အား ကလေးတွေ အတွက် ချန်ပြီး ပြန်လည် ခွဲဝေ လှူဒါန်းဖြစ်ပါတယ်ရှင်..လှူဒါန်းပေးကြတဲ့ ခုနှစ်ရက် သားသမီး အလှူရှင်များ အားလုံးကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်...အားလုံးပဲ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပြီး ကုသိုလ်တရား ပွားများနိုင်ကြပါစေရှင်...???.." ဆိုပြီး သူမရဲ့အလှူကို ဝေမျှထားတာပါ..။

လိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်တဲ့အားတွေနဲ့ ဖေးမကူညီမှုတွေပြုလုပ်နေတဲ့ ခိုင်နှင်းဝေရဲ့အလှူပုံရိပ်တွေကိုတော့ ပရိသတ်တွေကလည်း အားပေးစကားတွေနဲ့အတူ သဘောကျနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

သတင်း အရင်းအမြစ်Khine Hnin Wai's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T