နေ့စဉ်ရက်ဆက်လှူဒါန်းမှုတွေပြုလုပ်ပြီး နွမ်းပါးသူတွေဘယ်တော့မှ ထမင်းမငတ်တဲ့အကြောင်းပြောလာတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/7d/7dbaf5def2e4de4ef4f61d7b9b7fca2f206027a1.jpg
အနုပညာရှင်များ

 ၁၂-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားဝေဠုကျော်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတဲ့အပြင် လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ဝေဠုကျော်ကတော့ ဖောင်ဒေးရှင်းကအဖွဲ့သားတွေနဲ့အတူ လိုအပ်နေတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ နေ့စဉ်နေ့တိုင်းလှူဒါန်းမှုတွေပြုလုပ်နေပြပီး ပြည်သူတွေအတွက် တတ်နိုင်သလောက် ပါဝင်အားဖြည့်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page

မြို့နယ်တော်တော်များများက ပြည်သူတွေအတွက် အလှည့်ကျလှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပြီး အခြေအနေတွေဘယ်လောက်ပဲခက်ခဲနေပါစေ စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေကြောင့် နွမ်းပါးသူတွေ ဘယ်တော့မှ ထမင်းမငတ်တဲ့အကြောင်းတွေကိုလည်း ပြောပြထားပါသေးတယ်..။

နေ့စဉ်ရက်ဆက်လှူဒါန်းမှုတွေနဲ့အတူ သင်္ကြန်ကာလအတွင်းမှာလည်း ပြည်သူတွေခက်ခဲမှုတွေမရှိစေဖို့အတွက် နေ့တိုင်းထွက်လှူဖြစ်သလို ပြန်လာရင်လည်း နောက်နေ့လှူဖို့အတွက် ထုတ်ပိုးပြင်ဆင်နေတဲ့ အကြောင်းတွေကို ပြောပြထားတာပါ..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"11-4-2021

ဒီနေ့ လှိုင်သာယာ

မနက်ဖြန် မှော်ဘီပါ။

သင်္ကြန်မှာ စားသောက်ရေး ခက်ခဲမှုမရှိစေဖို့ ဒီရက်ပိုင်း

အလှူနေ့တိုင်း ထွက်လှူပေးပါတယ်။

တစ်အိမ်လုံး

တစ်ဖွဲ့လုံး လှူပြီး ပြန်ရောက်တာနဲ့ နောက်နေ့အတွက်

ဝိုင်းဝန်း ထုပ်ပိုးရပါတယ်။

မြန်မာပြည်မှာ ဘယ်လောက်ပဲ အခြေအနေတွေ

ခက်ခဲနေပါစေ။

နွမ်းပါးပြည်သူတွေ

ဘယ်တော့မှ ထမင်းမငတ်ခဲ့ရပါဘူး။

ဒါကလည်း ချစ်စရာ လေးစားစရာကောင်းတဲ့ အလှူရှင်တွေရဲ့ သဒ္ဓါတရားကြောင့်ပါပဲ။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး အလှူတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် အမြဲရပ်တည်ကာ လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ဝေဠုကျော်တို့ဖောင်ဒေးရှင်းရဲ့ ပုံရိပ်တွေကိုလည်း အားလုံးက သဘောကျနေကြတာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T