လုံခြုံတဲ့နေရာမှာရှိနေတာကြောင့် စိတ်မပူကြဖို့ပရိသတ်တွေကို အသိပေးပြောပြလာတဲ့ သံသာမိုးသိမ့်

//s9.kh1.co/42/42217ad6e22c51b9955fe643f62302c69e53ce78.jpg
အနုပညာရှင်များ

 ၁၃-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဇာတ်လမ်းတွဲတွေများစွာနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိအောင်မြင်နေသလို စကားပြောပွင့်လင်းပြတ်သားတဲ့ သရုပ်ဆောင်မင်းသမီးချောသံသာမိုးသိမ့်ကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ထပ်တူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

သံသာမိုးသိမ့်ကတော့ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ပြည်သူအားလုံး စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc
Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc
Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc
Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc

လူထုလှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့တက်ကြွစွာလုပ်ဆောင်ခဲ့တဲ့ သံသာမိုးသိမ့်ကတော့ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တာကြောင့် ပရိသတ်တွေကလည်း စိတ်ပူနေကြ ဖြစ်ပါတယ်..။

သံသာမိုးသိမ့်ကတော့ လက်ရှိမှာ အရေးယူခြင်းခံထားရတာကြောင့် ရှောင်တိမ်းနေရပေမယ့် သူမအနေနဲ့ အန္တရာယ်ကင်းကင်းနဲ့ လုံခြုံစွာရှိနေတာမို့ ပရိသတ်တွေကို စိတ်မပူကြဖို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြလာပါတယ်..။

Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc
Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc
Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc
Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc

"စိတ်မပူကြပါနဲ့နော်..

သံသာအားလုံးအဆင်ပြေပြီး

လုံခြုံပါတယ် ?.." ဆိုပြီး လုံခြုံစိတ်ချရတဲ့နေရာမှာ ရောက်နေတဲ့အကြောင်း စိတ်ပူနေကြတဲ့ပရိသတ်တွေကို အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ကျန်းမာရေးနဲ့ အခြားအစစအရာရာဂရုစိုက်ဖို့ မှာနေပြီး အန္တရာယ်ကင်းဘေးရှင်းစေဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc
Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc
Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc
Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc

သတင်း အရင်းအမြစ်Than Thar Moe Theint - သံသာမိုးသိမ့် Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T