သရုပ်ဆောင် စိုးမိုးကြည်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အခုနောက်ပိုင်းတွင်လည်း ရုပ်သံဇာတ်လမ်းတွဲများမှာပါ ပါဝင်ရိုက်ကူးလာတာကို တွေ့ရပါတယ်။ သရုပ်ဆောင်ပညာတွေကိုလည်း မျိုးဆက်သစ်လူငယ်တွေအား အမြဲသင်ကြားပေးနေသူ တစ်ယောက်ပါ။
စိုးမိုးကြည်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းအောင်လည်း ဘုရားဝတ်ပြုတဲ့ အခါတိုင်း ဆုတောင်းပေးနေသူပါ။ လတ်တလော လူမှုကွန်ယက်စာမျက်နှာတွင် သူမနဲ့ပတ်သက်ပြီး ကောလဟာလသတင်းတစ်ချို့ ပြန့်နှံ့နေတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဒီနေ့ ညနေတွင် မန္တလေးမြို့က နန်းတွင်းသင်္ကြန်ထဲတွင် သွားရောက်ဖျော်ဖြေမယ်ဆိုပြီး သတင်းတွေ ထွက်နေတာပါ။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း စိုးမိုးကြည်ရဲ့ Facebook Page တွင် ဒီသတင်းဟာ မဟုတ်မှန်ကြောင်း ပရိသတ်တွေကို ပြန်လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။ " ယခုအချိန်မှာ ကျွန်မမိခင် ကျန်းမာရေးအခြေအနေကြောင့် ဘယ်ပွဲလမ်းသဘင်မှ သွားရောက်ဖျော်ဖြေခြင်းမရှိပါ သတင်းအမှားများကို မတင်စေလိုပါရှင်
၇ ရက်သားသမီးများ နှင့်ချစ်သောပရိသတ်များအားလုံးဘေးရန်အပေါင်းကင်းရှင်းပြီးအေးချမ်းကြပါစေရှင် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Soe Moe Kyi’s Facebook page