အနုပညာလောကရဲ့ နာမည်ရမင်းသမီးတစ်လက်ဖြစ်တဲ့ သွန်းဆက်ကတော့ ပရိသတ်တွေကြား နာမည်ကြီးသူတွေထဲက တစ်ဦးဖြစ်ပါတယ်။ နာမည်ကြီး အနုပညာရှင်တစ်ဦးဖြစ်တဲ့အတွက် သူတို့ရဲ့ သွားလာလှုပ်ရှားမှု ဝတ်စားဆင်ယင်မှုတွေဟာ ပရိသတ်တွေကြား စိတ်ဝင်စားစရာကောင်းလှပါတယ်။

ယခုတစ်ခါမှာ သွန်းဆက်ရဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးဟာ ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။ သွန်းဆက်ကတော့ သူမရဲ့ ချစ်ရတဲ့ ပရိသတ်တွေအတွက် သူမရဲ့ အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ကွင်းကဓာတ်ပုံလေးတွေ သူမရဲ့ outfit လှလှလေးတွေနဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ facebook ကဆင့် မျှဝေလေ့ရှိပါတယ်။

ဒီတစ်ခေါက် သူမရဲ့ ဖက်ရှင်လေးကတော့ ပေါ့ပေါ့ပါးပါး ဒီဇိုင်းလေးတစ်ခုဖြစ်ပြီး သူငယ်ချင်းတွေနဲ့အပြင်သွားဖို့ သူမရွေးချယ်ဝတ်ဆင်ခဲ့တာလို့ သိရပါတယ်။ တပ်ဆင်ထားတဲ့ မျက်မှန်လေးကလည်း ဝတ်စုံလေးနဲ့ လိုက်ဖက်တာမို့ သွန်းဆက်တစ်ယောက် ပိုပြီးတောင် ချစ်ဖို့ ကောင်းနေပါသေးတယ်။ သွန်းဆက်ရဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်နော်.......

Photo Source: Thun Set

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။