လွန်ခဲ့ ဆယ်စုနှစ်တစ်ခုက ပရိသတ်တွေရဲ့ရင်ထဲကို Examplez အဖွဲ့နဲ့အတူ သီချင်းတွေဆိုရင်း ဝင်ရောက်လာသူကတော့ အဆိုတော် ထွန်းထွန်း ပဲဖြစ်ပါတယ်။ အချိန်တစ်ခုကြာ နေရာတစ်ခုရယူနိုင်ခဲ့တဲ့ သူတို့ band ဟာ အခုချိန်မှာတော့ သီချင်းအသစ်တွေ ထပ်မံထွက်ရှိလာခြင်း မရှိတော့ပေမဲ့ ပရိသတ်တွေကတော့ အားပေးနေဆဲပါ။ လက်ရှိချိန်မှာ အကယ်ဒမီဆု တစ်ခုကို ပိုင်ဆိုင်ထားပြီး သရုပ်ဆောင်ပိုင်းကို လုပ်ကိုင်နေတဲ့ ထွန်းထွန်းဟာ မကြာခင်မှာ ရုံတင်မဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

"ပွဲခံမယ် ဇာတ်ကားက ၈ လပိုင်းထဲမှာရုံတင်မယ်လို့ သိထားပါတယ်။ ရင်အရမ်းခုန်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော် အလုပ်တွေပြန်ကြိုးစားတဲ့အခါမှာ ကျွန်တော့်ကို ခေါင်းဆောင်အနေနဲ့ရိုက်ကူးခွင့်ရပြီးတော့ ပထမဦးဆုံး ဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပြင်ထွန်းထွန်းနဲ့မတူတဲ့ ကာရိုက်တာ တစ်ခုကို တေယ်တော်လေးကြိုးစားပြီး သရုပ်ဆောင်ထားရတဲ့အတွက် တော်တော်လည်းရင်ခုန်ပါတယ်။ ပရိသတ်တွေလည်း ကျွန်တော့်ကို အကဲဖြစ်အားပေးမယ်လို့ မျှော်လင့်ထားပါတယ်" လိို့ အကယ်ဒမီ ထွန်းထွန်းက Myanmar Celebrity သို့ဆိုပါတယ်။

ဒီ "ပွဲခံမယ်" ဇာတ်ကားကြီးမှာ ခန့်စည်သူ နေမျိုဒအောင် ထွန်းထွန်း အိချောပိုတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားဟာ ထွက်ရှိထားတဲ့ ဇာတ်ကားနမူနာမှာတင် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားပြီး ဒီဇာတ်ကားမှာ ထွန်းထွန်းပါဝင်ထားတဲ့ ဇာတ်ကောင်ဟာ အရင်နဲ့မတူ တမူထူးခြားလျက်ရှိပါတယ် ပရိသတ်ကြီးရေ.....

Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။