လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ နောင်တဆိုတာမရှိဘဲ အသက်ရှုနေရခြင်းရဲ့အကြောင်းပြချက်တွေကို ပြတ်သားစွာပြောလာတဲ့ ဒေါင်း

//s9.kh1.co/22/2253cb82d8418cbe9b7011684aa5d2a80d6fdc9e.jpg
အနုပညာရှင်များ

 ၁၄-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို တစ်ခဲနက်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသားချော ဒေါင်းကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာကတည်းက အားလုံးနဲ့ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

မင်းသားဒေါင်းကတော့ အားလုံးနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ခဲ့သလို ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်ကာ ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Daung's Fb Acc
Photo Credit - Daung's Fb Acc
Photo Credit - Daung's Fb Acc
Photo Credit - Daung's Fb Acc

ပြည်သူတွေနဲ့အတူတက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ ဒေါင်းကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေမှာ ပါဝင်လာပေမယ့်လည်း တတ်နိုင်သလောက် အားဖြည့်လုပ်ဆောင်နေပြီး သူ့ရဲ့ ယုံကြည်မှုနဲ့ ခံယူချက်တွေကို ပြောပြလာပါတယ်..။

လှမ်းနေတဲ့ခြေလှမ်းတိုင်းမှာ နောင်တဆိုတာမရှိဘဲ အမှန်တရားတွေပဲရှိတာကြောင့် အဓမ္မကိုတော်လှန်ဖို့ အသက်ရှုနေခြင်းသာဖြစ်တဲ့အကြောင်းတွေကို ဒေါင်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြတ်သားစွာ ရေးသားပြောပြထားတာပါ..။

Photo Credit - Daung's Fb Acc
Photo Credit - Daung's Fb Acc
Photo Credit - Daung's Fb Acc
Photo Credit - Daung's Fb Acc

"လှမ်းနေတဲ့

ခြေလှမ်းတိုင်းဟာ

အတိတ်မှာကျန်ခဲ့တယ်

သမိုင်းဆိုလဲဟုတ်တယ်

တို့တွေမှာနောင်တဆိုတာမရှိဘူး

အမှန်တရားပဲရှိတယ်

အခုချိန်မှာ

အသက်ရှုလိုက်ရင်တောင်

အဓမ္မကိုတော်လှန်ဖို့

အသက်ရှုနေခြင်းသာဖြစ်တယ်။

ဒေါင်း.." ဆိုပြီး ဒေါင်းက ရေးသားထားတာ ဖြစ်ပါတယ်..။

ဒေါင်းရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း အားပေးစကားတွေလည်း အသီးသီးပြောထားကြသလို တော်လှန်ရေးတိုက်ပွဲကြီးမှာ အရေးတော်ပုံအောင်မြင်ဖို့အတွက်ကိုလည်း ကြိုးစားနေကြတဲ့အကြောင်းတွေကို ပြန်လည်ပြောထားတာလည်း တွေ့ရပါတယ်..။

Photo Credit - Daung's Fb Acc
Photo Credit - Daung's Fb Acc
Photo Credit - Daung's Fb Acc
Photo Credit - Daung's Fb Acc

သတင်း အရင်းအမြစ်Daung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T