တီရှပ်အနီနဲ့အိမ်ပေါ်တက်လာလို့ တံခါးဖွင့်ဖွက်ထားပေးမိတယ်ဆိုပြီး ရဲတိုက်ကိုအိပ်မက်မက်တဲ့အကြောင်း စိတ်မကောင်းစွာပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/da/da1575d550390162f55d71017eb27a543d9afe6f.jpg
အနုပညာရှင်များ

 ၁၅-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းကတည်းက ပြည်သူတွေပြုလုပ်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ အနုပညာရှင်တွေများစွာကလည်း လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြသလို သရုပ်ဆောင်ရဲတိုက်နဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့က လည်း ပြည်သူတွေအားလုံးနဲ့ထပ်တူ ရပ်တည်ခဲ့ကြပါတယ်..။

ဖြိုခွင်းမှုတွေနဲ့ အခက်အခဲတွေရှိနေတဲ့ကြားက လှုပ်ရှားမှုတွေကို ရဲရင့်တက်ကြွစွာပြုလုပ်ခဲ့ကြတဲ့ အနုပညာရှင်တွေတော်တော်များများကလည်း ၅၀၅-က ဖြင့် အရေးယူခြင်းခံထားကြရပြီး ရဲတိုက်ကလည်း တစ်ဦးအပါအဝင်ဖြစ်ကာ လက်ရှိမှာတော့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်..။

Photo Credit - ရဲတိုက် Fb Acc
Photo Credit - ရဲတိုက် Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရှေ့တန်းကနေတက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ပြီး ဧပြီလအစပိုင်းကတည်းက ဖမ်းဆီးအရေးယူခြင်းခံထားရတဲ့ သူငယ်ချင်းရဲတိုက်ကို သတိတရနဲ့ အိပ်မက်မက်တဲ့အကြောင်း နှိုင်းယှဉ်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝမ်းနည်းစွာ ပြောပြလာပါတယ်..။

တီရှပ်အနီနဲ့အိမ်ပေါ်တက်လာလို့ တံခါးဖွင့်ဖွက်ထားပေးမိတယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ ရဲတိုက်ကိုအိပ်မက်မက်တာတွေကို စိတ်မကောင်းစွာပြောပြထားကာ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့ကိုလည်း ဆုတောင်းပေးထားပါသေးတယ်..။

Photo Credit 
Photo Credit 
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

"ညက ရဲတိုက်ကိုအိပ်မက်မက်တယ် တီရှပ်အနီနဲ့ အိမ်ပေါ်တက်လာလို့ တံခါးဖွင့်ပေးပီး ဖွက်ထားပေးမိတယ်?

အမြန်လွတ်ပါစေ သူငယ်ချင်းရယ်?.." ဆိုပြီး နှိုင်းယှဉ်က သူမရ့အိပ်မက်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေအားလုံးက နှိုင်းယှဉ်ရဲ့အိပ်မက်နဲ့အတူ ရဲတိုက်အတွက် စိတ်မကောင်းဖြစ်နေကြပြီး နေကောင်းကျန်းမာစွာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက် ဆုတောင်းစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - ရဲတိုက် Fb Acc
Photo Credit - ရဲတိုက် Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T