သင်္ကြန်အကြတ်နေ့နှစ်သစ်ကူးအချိန်အခါမှာ သံဃာတော်တွေကိုဆွမ်းကပ်လှူကာ မွန်မွန်မြတ်မြတ်ကုသိုလ်ယူခဲ့တဲ့ ဟိန်းဝေယံ

//s9.kh1.co/80/806ab7e518ee8d684108b181006ba5a587a63f99.jpg
အနုပညာရှင်များ

 ၁၅-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သားငယ်လို့ ရင်းနှီးသူအများကခေါ်ကြတဲ့ သရုပ်ဆောင်မင်းသားချော ဟိန်းဝေယံကတော့ အောင်မြင်တဲ့အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေသလို လက်ရှိအခြေအနေမှာလည်း အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ဟိန်းဝေယံကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ပြည်သူအားလုံးပါဝင်ဆင်နွှဲနေကြတဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း လှူဒါန်းမှုတွေပြုလုပ်ပါဝင်ခဲ့ပြီး တတ်နိုင်သလောက်အားဖြည့်ကူညီခဲ့တာလည်း တွေ့ရပါတယ်..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

တော်လှန်ရေးတိုက်ပွဲမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်လည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ဟိန်းယံဝေကတော့ ဒီကနေ့သင်္ကြန်အကြတ်နေ့မှာလည်း သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းပြီး မိသားစုလိုက်ကုသိုလ်ယူခဲ့ပြန်ပါတယ်..။

သင်္ကြန်နှစ်သစ်ကူးအခါသမယဖြစ်တဲ့ အကြို၊ အကျ၊ အကြတ်နေ့ သုံးရက်လုံး သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းမှုတွေအပြင် ဝတ္တုငွေတွေကိုလည်း ကပ်လှူခဲ့တဲ့ ကုသိုလ်ယူပုံရိပ်တွေကိုလည်း ဟိန်းဝေယံက ပရိသတ်တွေကို ဝေမျှပြောပြထားပါသေးတယ်..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

"သင်္ကြန်အကြတ်နေ့ နေ့ဆွမ်းအလှူ

(၇)ရက်သားသမီးများနှင့်အတူ ကျွန်တော်တို့မိသားစုလည်း ကုသိုလ်ပါဝင်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ..

ဘေးအန္တရာယ်ကင်းရှင်းသော ရက်မြတ်များဖြစ်ကြပါစေ... ???.." ဆိုပြီး အကြတ်နေ့ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်တွေကိုဝေမျှထားတာ ဖြစ်ပါတယ်..။

နှစ်သစ်ကူးအချိန်အခါမှာ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းပြီး မွန်မွန်မြတ်မြတ်ကုသိုလ်ယူခဲ့တဲ့ ဟိန်းဝေယံတို့မိသားစုရဲ့ အလှူကိုလည်း ပရိသတ်တွေက သာဓုခေါ်ကုသိုလ်ယူကာ ဆုတောင်းစကားတွေလည်း ပြောထားကြပါတယ်..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

သတင်း အရင်းအမြစ်Heinn Wai Yan's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T