ပနားမားနိုင်ငံအနေနဲ့ တရုတ်(ထိုင်ပေ) နဲ့ သံတမန်ဆက်ဆံရေးဖြတ်တောင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံမှာ သံရုံးဖွင့်လှစ်လိုက်တယ်လို့Channel NewsAsia မှာဖော်ပြထားပါတယ်။

ပနားမားနိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံအတွင်းသံရုံးဖွင့်လှစ်မှုကို ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။ပနားမားနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့လက ကာလကြာရှည် မဟာမိတ်ဆက်ဆံရေးရှိတဲ့ တရုတ်(တိုင်ပေ)နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီ သံရုံးဖွင့်လှစ်မှုကို တရုတ်နိုင်ငံမှာ အခုလိုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပနားမားသမ္မတ ဟွမ် ကားလိုစ့် ဗာရီလာက တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ပြန်လည်လုပ်ဆောင်နေပြီလို့ ဇွန်(၁၂)ရက်နေ့က ကြေညာခဲ့ပါတယ်။ ပနားမားနိုင်ငံဟာ အစောပိုင်းက တရုတ်နိုင်ငံနဲ့ ကုန်သွယ်ဖက် ဖြစ်ပေမဲ့လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုတယ်လို့ ဆိုပါတယ်။

Aung

သတင်းအရင်းမြစ် Channel NewsAsia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။