သင်္ကြန်မှာပျော်နေတယ်ဆိုတဲ့ ကောလဟာလသတင်းအမှားတွေနဲ့ပတ်သက်ပြီး ပြောလာတဲ့ သဇင်ထူးမြင့်

//s9.kh1.co/50/504eb9485bde14d2a1cac677473eac7841bf6b50.jpg
အနုပညာရှင်များ

 ၁၇-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ခင်လှိုင်ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေကြတာပဲ ဖြစ်ပါတယ်..။

ခင်လှိုင်တို့ဇနီးမောင်နှံအပြင် သားဖြစ်သူနေရဲနဲ့ သမီးဖြစ်သူသဇင်ထူးမြင့်တို့ကလည်း ပြည်သူတွေအားလုံးနဲ့အတူ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် လှူဒါန်းမှုတွေပြုလုပ်ကာ တတ်နိုင်လောက် အားဖြည့်ပါဝင်ခဲ့ကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

အခြေအနေတွေအမျိုးမျိုးကြောင့် ရှောင်တိမ်းနေရတဲ့အချိန်မှာတောင် သင်္ကြန်မှာ ပျော်နေတယ်ဆိုတဲ့ ကောလဟာလသတင်းအမှားတွေနဲ့ ပတ်သက်ပြီး သဇင်ထူးမြင့်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြတ်ပြတ်သားသားပြောလာပါတယ်..။

"ဖေဖေကသင်္ကြန်မှာပျော်နေပြီလေ ဝမ်းနည်းနေတုန်းလား" ဆိုပြီး လာပြောတဲ့သူကို မိသားစုလိုက်အခက်အခဲဖြစ်နေတဲ့ အခုလိုအချိန်မှာ ခနဲ့သလို ရွဲ့သလိုမပြောကြဖို့၊ ခံယူချက်ချင်းမတူတဲ့သူတွေနဲ့ မခိုင်းနှိုင်းဖို့ကိုလည်း ပြတ်ပြတ်သားသား သတိပေးပြောလိုက်တာပဲ ဖြစ်ပါတယ်..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

"ဒီချိန်မှာ ခနဲ့သလို ရွဲ့သလိုတွေလာမလုပ်နဲ့နော် ...

ပြေးလိုက်ရပုန်းလိုက်ရနဲ့နေနေရတာ...ဒုက္ခမျိုးစုံရောက်နေရတာ ကိုယ်တွေပဲသိတယ်

ဒီနေ့ ဖေဖေ့မွေးနေ့တောင် မိသားစုတွေမဆုံနိုင်လို့

စိတ်မကောင်းဖြစ်နေရတာ

ခွေးထပ်မိုက်တဲ့ ကောင်တွေလုပ်တဲ့

ဘယ်ပွဲမှသွားစရာအကြောင်းမရှိဘူး...အသားထဲကလောက်ထွက်တဲ့ကောင်တွေ သေအောင်ရွံတယ်...

မနှိုင်းစမ်းပါနဲ့ အဲ့လိုစိတ်ဓာတ်ရှိတဲ့ကောင်တွေနဲ့?.."ဆိုပြီး သဇင်ထူးမြင့်က ရေးသားပြောပြထားတာပါ..။

သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း အခုလိုအချိန်မှာ အားပေးစကားတွေနဲ့အတူ အစစအရာရာဂရုစိုက်ကြဖို့ပြောထားရင်း အန္တရာယ်ကင်းဘေးရှင်းကြစေဖို့ကိုလည်း ဆုတောင်းစကားတွေ ပြေထားကြတာ တွေ့ရပါတယ်..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

သတင်း အရင်းအမြစ်Thazin Htoo Myint's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T