အမေရိကန် အောက်လွှတ်တော်က အီရန်၊ ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံတွေကို ပိတ်ဆို့မှုအသစ်တွေချမှတ်ဖို့ ဥပဒေမူကြမ်းကို တစ်ညီတစ်ညွတ်ထဲ ထောက်ခံ အတည်ပြုလိုက်ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ 

အောက်လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ ဥပဒေမူကြမ်း မဲခွဲဆုံးဖြတ်မှုကို ထောက်ခံမဲ (၄၁၉) မဲ ကန့်ကွက်မဲ (၃) မဲနဲ့ အတည်ပြုခဲ့တာပါ။ အဆိုပါဥပဒေမူကြမ်းအရ ပိတ်ဆို့မှုတွေကို သမ္မတထရမ့်က ပြန်လည်ရုတ်သိမ်းခွင့်အာဏာကန့်သတ်ထားတာပါ။သမ္မတ ထရမ့် အနေနဲ့ ပိတ်ဆို့မှုတွေကို ပြန်လည်ရုပ်သိမ်းမယ်ဆိုရင်လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရယူရမှာဖြစ်ပါတယ်။ 

အထက်လွှတ်တော်ကတော့ အရင်လ (၁၅) ရက်နေ့ကတည်းက ဥပဒေမူကြမ်းကို ထောက်ခံမဲ (၉၂) မဲ ဆန့်ကျင်မဲ (၂) မဲနဲ့ ထောက်ခံအတည်ပြုခဲ့ပြီး အခုအခါမှ အောက်လွှတ်တော်က ထပ်မံ အတည်ပြုခဲ့တာပါ။ လက်ရှိမှာတော့အထက်ပါ ဥပဒေမူကြမ်း ထုတ်ပြန်မည့်အရေးက အထက်လွှတ်တော်ဆီ ပြန်လည်ရောက်ရှိသွားပြီး အဲဒီကတဆင့် သမ္မတ ထရမ့်က အတည်ပြုသွားမှာဖြစ်ပါတယ်။

Aung 

သတင်းအရင်းမြစ် CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။