ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ပရဟိတအလုပ်တွေကိုလည်း အဆက်မပြတ်လုပ်ဆောင်နေတဲ့ သရုပ်ဆောင်မင်းသားဝေဠုကျော်ကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
ဝေဠုကျော်ကတော့ လတ်တလောမှာလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေပေးဝေလှူဒါန်းမှုတွေပြုလုပ်ကာ ပြည်သူတွေအတွက် တတ်နိုင်သလောက်ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်..။
ဝေဠုကျော်ကတော့ ဒီကနေ့ ဧပြီလ(၁၇)ရက်နေ့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာလည်း သက်ကြီးရွယ်အိုမိဘအဘိုးအးဘွားတွေကို ဂါဝရပြုကန်တော့ကာ လှူဒါန်းမှုတွေပြုလုပ်ပြီး ကုသိုလ်ယူခဲ့တာလည်း တွေ့ရပါတယ်..။
နှစ်သစ်အလှူအဖြစ် အဘိုးအးဘွားတွေကို ကိုယ်တိုင်ကိုယ်ကျပြုစုပြီး အစားအသောက်တွေအပြင် အခြားအသုံးအဆောင်ပစ္စည်းတွေလည်း လှူဒါန်းကာ ကုသိုလ်ယူခဲ့တာဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။
"17-4-2021
နှစ်ဆန်းတစ်ရက်နေ့ရဲ့ လှူကြ ကူကြတဲ့ သက်ကြီး
ဘိုးဘွား ကန်တော့ ပူဇော်ပွဲ
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014
09776089484.." ဆိုပြီး အလှူပုံရိပ်တွေကို ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှထားတာပဲ ဖြစ်ပါတယ်..။
မန်မာတို့ရဲ့နှစ်သစ်ကူးအချိန်အခါ နှစ်ဆန်းတစ်ရက်နေ့မှာ မိဘဘိုးဘွားတွေအပေါ်ပြုစုရင်း ကောင်းမှုကုသိုလ်တွေပြုလုပ် ကုသိုလ်ယူနေတဲ့ ဝေဠုကျော်တို့ရဲ့ အလှူပုံရိပ်တွေကို ပရိသတ်တွေအားလုံးကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Wai Lu Kyaw Foundation's Fb Page