ခင်ပွန်းဖြစ်သူ ဆုံးပါးသွားလို့ ဒုက္ခရောက်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအား ကူညီလှူဒါန်းပေးဖို့ နှိုးဆော်လိုက်တဲ့ ဝေဠုကျော်

//s9.kh1.co/50/5015bce88ce58456e69ca0cd61659791d305ce20.jpeg
အနုပညာရှင်များ

 ၁၇-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဝေဠုကျော်ကတော့  ပရဟိတလုပ်ငန်းတွေ  အားကြိုးမာန်တက် လုပ်ဆောင်ရင်း  သူ့ရဲ့ ဘဝကို ဖြတ်သန်းနေသူ  တစ်ဦး ဖြစ်ပါတယ်။  ပြည်သူများအတွက်  လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ  ဆောင်ရွက်ပေးနေရုံသာမကဘဲ  စားဝတ်နေရေးအခက်အခဲများကိုပါ  ကူညီဖြေရှင်းပေးနေတာလည်း  ဖြစ်ပါတယ်။  အခုလို နေ့မအားညမနား  ကူညီပေးနေတဲ့  ဝေဠုကျော်ရဲ့ စိတ်ထားကတော့  လေးစားဂုဏ်ယူစရာပါပဲနော်။

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

သင်္ကြန်တွင်းမှာတောင်  မနားဘဲ  ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို  တတ်နိုင်သလောက်  ဖေးမကူညီပေးနေတာပါ။  ဒါ့အပြင်  စစ်ဘေးရှောင်  တိုင်းရင်းသားညီအစ်ကိုမောင်နှများအတွက်လည်း  ထောက်ပံ့မှုတွေ ပေးနိုင်အောင်  အလှူငွေများ ကောက်ခံပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ဝေဠုကျော်ဖောင်ဒေးရှင်းလူမှုကွန်ယက်စာမျက်နှာတွင်  ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတာကြောင့် ဒုက္ခရောက်နေတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးအား ကူညီလှူဒါန်းပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

" 17-4-2021

အလှူခံပါရစေ

ပုံမှာ တွေ့ရတာက

ဒီနေ့ 

တောင်ဒဂုံ ၊၂၂ ကျူးအိမ်တွေကို သွားလှူပေးရင်း

တွေ့ခဲ့ရတဲ့  ကျူးအိမ်လေးတစ်ခုပါ 

ယောကျာ်းဖြစ်သူ ဆုံးသွားတာ တစ်လပြည့်ခါနီး

မိန်းမက ကိုယ်ဝန် အရင့်အမာနဲ့ ကလေး ဘုစုခရု ၆ယောက်

ကျန်ခဲ့ပါတယ်။

အရင်က စျေးရောင်းပေမယ့် အခု ကိုယ်ဝန်လရင့်လို့ စျေးမရောင်းနိုင်ပါဘူး။

ကျူးတဲလေးကလည်း အမိုးမရှိ အကာမလုံခြုံ

အခင်းကလည်း သူ့တစ်ယောက်အိပ်စရာပဲရှိပါတယ်

ဘာပစ္စည်းမှလည်းမရှိ။

ကလေးတွေက ဘေးက အမျိုးတွေ အိမ်မျှအိပ်ပါတယ်တဲ့။

အမျိုးအဆွေ အိမ်တွေကလည်း သူ့အိမ်ထက်အနည်းငယ်ပဲ ပိုသာတဲ့ တာပေါ်လင်စကာမိုးတဲ့ အိမ်အသေးလေးတွေပါပဲ။

ကျွန်မတို့ဖောင်ဒေးရှင်းမှ အမိုးအကာလေး ခိုင်ခန့်နေသာအောင် ပြန်လုပ်ပေးဖို့ အလှူငွေ ၅သောင်း မတည် လှူပေးပါ့မယ်။ ဆန် ဆီလည်း မမွေးခင်အဆင်ပြေအောင် ထပ်လှူပေးပါမယ်။

အလှူရှင်များလည်း ဝိုင်းဝန်း လှူပေးကြပါဦး။ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်များအနေနဲ့  ဝေဠုကျော်ဖောင်ဒေးရှင်းသို့  ဆက်သွယ်စုံစမ်းနိုင်ကြောင်း  သတင်းပေးလိုက်ပါရစေနော်။

Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T