အစ်မတစ်ယောက်လို ချစ်ခင်ရတဲ့ မေတိုးခိုင် ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းပေးနေတဲ့ မှုံ့နံ့သာကျော်ရဲအောင်

//s9.kh1.co/17/179fb9ad7ab9aeb3901fbd617f50b2f3e223fa5d.jpeg
အနုပညာရှင်များ

 ၁၇-ပြီ-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မေတိုးခိုင်ကတော့  မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  တက်ကြွစွာ  ပူးပေါင်း​ပါဝင်ခဲ့သူ  တစ်ဦး  ဖြစ်ပါတယ်။  ပြည်သူတွေနဲ့ တစ်သွေးတည်း  တစ်သားတည်း  ရပ်တည်ပေးခဲ့တဲ့အတွက်လည်း  ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။  လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့်  ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရတာ  ဖြစ်ပါတယ်။

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 

ဒီကနေ့မှာတော့  သူမနဲ့ ပတ်သက်ပြီး  စိတ်မကောင်းစရာသတင်းတစ်ခု  ကြားနေရတာ ဖြစ်ပါတယ်။ ဒါကတော့  သရုပ်ဆောင်  မေတိုးခိုင်  ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီလို့ သတင်းထွက်နေတာပါ။  ဒီသတင်းမှန်ကန်တယ်လို့  ဘယ်သူတစ်ဦးတစ်ယောက်ကမှ တိတိကျကျမသိကြရသေးပါဘူး။  ဒါပေမယ့်လည်း  အနုပညာအသိုင်းအဝိုင်းမှ  ညီအစ်ကိုမောင်နှမများနဲ့  ပရိသတ်များက  သူမအတွက် စိုးရိမ်နေကြတာပါ။

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သရုပ်ဆောင်  ကျော်ရဲအောင်ရဲ့ သမီး  မှုံနံ့သာကျော်ရဲအောင်ရဲ့Instagram လူမှုကွန်ယက်တွင်  ပုံလေးတစ်ပုံ  တင်ထားတာ  ဖြစ်ပါတယ်။ ဒါကတော့  အစ်မတစ်ယောက်လိုချစ်ခင်ရတဲ့ မေတိုးခိုင် ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းပေးနေတာပဲ  ဖြစ်ပါတယ်။  မှုံနံ့သာကလည်း " Praying For your safety Ma Phoo ??” ဆိုပြီး  ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-May Toe Khine’s Facebook Page and Hmone Nathar’s IG Account 

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-Hmone Nathar’s IG Account
Photo Crd-Hmone Nathar’s IG Account
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T