မိန်းကလေးပရိသတ်အများစု အားကျရတဲ့ စုံတွဲလေးဖြစ်တဲ့ မိတ်ကပ်ဆရာ မေဦး နဲ့ ဟန်လင်း တို့စုံတွဲလေးဟာ တစ်ယောက်နဲ့ တစ်ယောက် အရမ်းကိုသဲသဲလှုပ်ချစ်ကြပါတယ်။

မိတ်ကပ်ဆရာ မေဦး ဟာ အနုပညာရှင်အသိုင်းဝိုင်းရဲ့ လက်စွဲတော်မိတ်ကပ်ဆရာမဖြစ်သလို မိန်းကလေးတိုင်း ကြိုက်နှစ်သက်တဲ့ မိတ်ကပ်အစွမ်းတွေကြောင့်လည်း အချိန်တိုအတွင်း နာမည်ကြီးလာသူပါ။

လိင်တူချစ်သူတွေဖြစ်ကြတဲ့ မေဦး နဲ့ ဟန်လင်း တို့စုံတွဲဟာ သာမန်စုံတွေထက်ကို ပိုပြီးချစ်တတ်ကြတာ ဓာတ်ပုံလေးတွေမြင်တာနဲ့ သိနိုင်ပါတယ်။

အခုလည်း ရန်ဖြစ်ပြီးပြန်ချစ်တာမကြာသေးတဲ့ မေဦးကို သူ့ရဲ့ မွေးနေ့မနက်အစောကြီးမှာ ဟန်လင်းက မထင်မှတ်ထားတဲ့ Surprise လေးလုပ်ပေးခဲ့တာပါ။

မေဦးအတွက် စနစ်တကျပြင်ဆင်ထားတဲ့ Surprise လေးတွေကိုကြည့်ရင် ဟန်လေး ရဲ့ အချစ်တွေကတော့ ပေါ့သေးသေးတော့မဟုတ်လှပါဘူး ပရိသတ်ကြီးရေ။

မေဦးကတော့ သူ့ရဲ့ အပျော်တွေကို အခုလို မျှဝေထားပါတယ်။

သတင်းအရင်းမြစ် may oo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။