အဓိဌာန်ထားခဲ့တဲ့အတိုင်း အကယ်ဒမီရွှေကြယ်ကို လှူဒါန်းခဲ့တဲ့ ထွန်းထွန်း 

ပရိသတ်ကြီးရေ အနုပညာရှင်တွေအတွက် အကယ်ဒမီရွှေစင်ရုပ်တုဟာ အနုပညာစွမ်းရည်ကို အသိအမှတ်ပြုတဲ့ အဖိုးမဖြတ်နိုင်တဲ့

ထူးချွန်ဆုပဲဖြစ်ပါတယ်နော်။ အနုပညာရှင်တွေရဲ ့အောင်မြင်မှုမှတ်တိုင်လို ့ဆိုနိုင်တဲ့ ဒီရွှေစင်ရုပ်တုကို အုတ်ကြားမြက်ပေါက်ဇာတ်ကားနဲ ့ထိုက်တန်စွာ

ဆွတ်ခူးနိုင်ခဲ့တဲ့ သရုပ်ဆောင်ထွန်းထွန်းဟာ ဇူလိုင်လ ၂၉ ရက်နေ ့မှာ နတ်လူ သာဓုခေါ်ဖွယ် လှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ထွန်းထွန်းဟာ အကယ်ဒမီမရရှိခင်က တစ်ချိန်မှာ ဆုရရှိခဲ့လျှင် ရွှေကြယ်ကိုအောင်ဇမ္ဗူကျောင်းတိုက်မှာ

လှူဒါန်းမယ်လို ့အဓိဌာန်ထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ်မှာ ဆွတ်ခူးခဲ့တဲ့ အကယ်ဒမီရွှေကြယ်ကို သွားရောက်လှူဒါန်းခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာကနေ

"အဓိဋ္ဌာန် အထမြောက်အောင်မြင်ပါပြီ

နတ်လူ သာဓု ခေါ်ဆိုကြပါကုန်" လို ့ထွန်းထွန်းက ပြောခဲ့ပါတယ်။

ထွန်းထွန်းဟာ ဂီတလောကကို စတင်ဝင်ရောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှုများစွာကို ရရှိခဲ့သူဖြစ်ပါတယ်။

အနုပညာခရီးလမ်းကို ဆက်လက်လျှောက်လှမ်းခဲ့ရာမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အခုဆိုရင်

အားပေးချစ်ခင်သူပရိသတ်အခိုင်အမာရှိနေပြီဖြစ်ပါတယ်။

ထွန်းထွန်းဟာ အကယ်ဒမီရရှိပြီးနောက် ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး ထွန်းထွန်းပါဝင်ထားတဲ့ ပွဲခံမယ်

ရုပ်ရှင်ဇာတ်ကားကြီးကိုလည်းမကြာခင်ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

အကယ်ဒမီထွန်းထွန်းဖြစ်လာတဲ့အတွက် တာဝန်ပိုကြီးလာသလို ခံစားရတာကြောင့် ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင်

ကြိုးစားနေတဲ့ ထွန်းထွန်းရဲ ့သာဓုခေါ်ဖွယ် လှူဒါန်းမှုပုံရိပ်တွေကိုတော့ ပရိသတ်ကြီးက အခုလိုတွေ ့မြင်နို်င်ပါတယ်။

သတင်းအရင်းမြစ် Tun Tun fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။