ဖိလစ်ပိုင်နိုင်ငံတောင်ဘက်ပိုင်းနဲ့နီးစပ်တဲ့ နေရာတွေကို ခရီးသွားလာခြင်းမပြုဖို့ အနောက်နိုင်ငံတွေရဲ့ အစိုးရတွေက သက်ဆိုင်ရာနိုင်ငံသားတွေကို သတိပေးချက်လိုက်ထုတ်ပြန်လိုက်ကြောင်း South China Morning Post မှာဖော်ပြထားပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ စစ်သွေးကြွတွေရဲ့ ပြန်ပေးဆွဲမှု အန္တရာယ်တွေ ပိုမိုမြင့်တက်လာတာကြောင့် ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေက အခုရက်သတ္တပတ်အတွင်း သတိပေးချက် ထုတ်ပြန်လိုက်တာပါ။ 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုပြည်နယ်မှာ စစ်သွေးကြွတွေကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် စစ်အုပ်ချုပ်ရေးအမိန့်ကို အခုနှစ်ကုန်ပိုင်းအထိ တိုးချဲ့လိုက်တယ်လို့ ဖိလစ်ပိုင်သမ္မတဒူတာတေးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

Aung

သတင်းအရင်းမြစ် South China Morning Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။