သူမကတော့ "မနော"ရဲ့ လူကြိုက်အများဆုံးသီချင်းလေးဖြစ်တဲ့ ချစ်တယ် ကစပြီး ပရိသတ်အားပေးမှုရရှိခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် ဆုလင်းရှိန်ဟာ H1N1 ရောဂါပိုးကူးစက်ခံရပြီး ရက်အတော်ကြာဆေးရုံတက်နေရတာဖြစ်ပါတယ်။

ယနေ့မှာတော့ သူမပြန်လည်သက်သာလာပြီဖြစ်တဲ့အကြောင်း ချစ်သူခင်သူပရိသတ်တွေသိအောင် သူမရဲ့ မေမေနဲ့အတူ ဆေးရုံမှာ ရိုက်ထားတဲ့ပုံလေးကို တင်ခဲ့တာပါ။

H1N1 တုပ်ကွေး ရောဂါ ကူးစက်ခံရတဲ့ "ဆုလင်းရှိန်"ဟာ ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံ သစ်ကြီးမှာ တက်ရောက် ကုသမှု ခံယူနေပြီး ယခု အချိန်မှာ ပြန်လည် သက်သာလာပြီ လို့ သူမကိုယ်တိုင်အသိပေးထားတာပါ။

ချစ်စရာကောင်းတဲ့ သရုပ်ဆောင် ဆုလင်းရှိန် ကို စိတ်ပူနေကြတဲ့ ပရိသတ်တွေလည်း များစွာရှိနေပါတယ်။

သူမဟာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်-နောက်ဆုံးနှစ်) တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ် ။

လက်တလောမှာတော့ ဝက်တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူ(၆)ဦးအထိရှိနေပြီး ကူးစက်ခံရသူ(၃၅)ဦးရှိပြီလို့ ဆိုပါတယ်။ 

သတင်းအရင်းမြစ် su lin shein fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။