ဝေဟင်မပျံနိုင်တဲ့ လေယာဉ်ပျံများ ကမ်ပိန်းမှာ ပါဝင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းပြောပြလာတဲ့ ဘုန်းဆက်သွင်

//s9.kh1.co/63/63c902483e9b175d6eeb01f1363f8424d59ae78b.jpeg
အနုပညာရှင်များ

 ၀၃-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

..

ဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့တစ်ခဲနက် ချစ်ခင်အားပေးမှုတွေနဲ့အတူ အောင်မြင်နေတဲ့ သရုပ်ဆောင်မင်းသားချော ဘုန်းဆက်သွင်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ တက်တက်ကြွကြွပါဝင်နေသူပဲ ဖြစ်ပါတယ်..။

ဘုန်းဆက်သွင်ကတော့ ဖေဖော်ဝါလ (၁)ရက်နေ့ကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ကိုယ်တ်ုင်ကိုယ်ကျအပင်ပန်းခံကာ အင်တိုက်အားတိုက်နဲ့ ကျရာတာဝန်ကနေ အားဖြည့်ပါဝင် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc

လူထုလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ဘုန်းဆက်သွင်ကတော့ လက်ရှိအခြေအနေတွေမှာ ၅၀၅ က ဖြင့် အရေးယူခြင်း ခံထားရပေမယ့်လည်း အားမလျော့သွေးမအေးသွားဘဲ တတ်နိုင်သလောက်ပါဝင်နေပြီး ဒီနေ့မှာလည်း ဝေဟင်မပျံနိုင်တဲ့ လေယာဉ်ပျံများ ကမ်ပိန်းမှာ ပါဝင်ကြဖို့ တိုက်တွန်းပြောပြလာပါတယ်..။

"တစ်နှစ် နှစ်တန်း" ပညာရေးစနစ်ကို သပိတ်မှောက်ဖို့အတွက် ဒီကနေ့ မေလ(၃)ရက်နေ့ နေ့လည်(၃)နာရီမှာ ကျောင်းပုံနှိပ်စာအုပ်စာရွက်တွေကို အသုံးပြုပြီး စက္ကူလေယာဉ်ပျံတွေပြုလုပ်ကာ ပစ်လွှတ်ပေးကြဖို့ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တိုက်တွန်းပြောပြလာတာပဲ ဖြစ်ပါတယ်..။

Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc

"ဝေဟင်မပျံနိုင်တဲ့ လေယာဉ်ပျံများ

"တစ်နှစ် နှစ်တန်း" စစ်ကျွန်ပညာရေးစနစ်ကို 

သပိတ်မှောက်ဆန့်ကျင်တယ်ဆိုရင် မေလပိုင်း ၃ရက်နေ့ ၃ နာရီ မှာ 

ကျောင်းပုံနှိပ်စာအုပ်တွေကိုအသုံးပြုပြီး

 စက္ကူလေယာဉ်ပျံတွေ ပြုလုပ်ပစ်လွှတ်ဖို့ မမေ့လိုက်ပါနဲ့။

အရေးတော်ပုံအောင်ပြီ 

TogetherWeCare 

ဝေဟင်မပျံနိုင်တဲ့လေယာဉ်ပျံများ.." ဆိုပြီး ရေးသားတိုက်တွန်းထားတာ ဖြစ်ပါတယ်..။

ဘုန်းဆက်သွင်ရဲ့ အဲ့ဒီပိုစ်အောက်မှာတော့ ပရိသတ်တွေကလည်း အားလုံးနဲ့အတူ လက်တွဲညီညီပါဝင်ကြမယ့် အကြောင်းတွေကို Comment တွေမှာ မှတ်ချက်ပေးရေးသားထားကြတာလည်း တွေ့ပါတယ်..။

Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc

သတင်း အရင်းအမြစ်PhoneSett Thwin's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T