ဒီကာလမှာ အားလုံးခက်ခဲနေကြတာကြောင့် ကိုယ့်မှာရှိတဲ့ငွေလေးနဲ့ ကိုယ်ပိုင်အလုပ်စလုပ်သင့်ကြောင်း ပြောပြလာတဲ့ နွေးနွေးချစ်ဖွယ်

//s9.kh1.co/ce/ce545497eadf7eb86cda7b991772015e26bfca3b.jpeg
အနုပညာရှင်များ

 ၀၃-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဆယ်စုနှစ်ကျော်တိုင်အောင်  ပရိသတ်တွေအားပေးမှုဖြင့် ဂီတလောကမှာ နေရာတစ်နေရာ ရပ်တည်နေသူကတော့အဆိုတော် နွေးနွေးချစ်ဖွယ်ပဲ  ဖြစ်ပါတယ်။ သူမကတော့ သရုပ်ဆောင် မြို့တော်ချစ်ဖွယ်ရဲ့ တစ်ဦးတည်းသောသမီးဖြစ်ပြီး မိဘနှစ်ပါးလုံးကို  ယနေ့ချိန်ထိ ကျွေးမွေးပြုစုစောင့်ရှောက်နေသူ ဖြစ်ပါတယ်။ ဘာသာရေးလည်းကိုင်းရှိုင်းလွန်းသူဖြစ်ပြီး  မကြာခဏဆိုသလို တရားစခန်းများ ဝင်ရောက်လေ့ရှိသူ  ဖြစ်ပါတယ်။

Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 

လတ်တလောမှာလည်း အွန်လိုင်းမှာဈေးရောင်းနေကြတဲ့ မိတ်ဆွေတွေရဲ့အခက်အခဲတွေကို တစ်ဖက်တစ်လမ်းမှကူညီဖြေရှင်းပေးတဲ့အနေနဲ့ သူမရဲFacebook အကောင့်မှတစ်ဆင့်  ကုန်ပစ္စည်းတွေကို  အခမဲ့ကြော်ငြာပေးနေတာဖြစ်ပါတယ်။ ဒီကာလမှာ အဆင်မပြေကြတဲ့သူများကိုလည်း စိတ်ဓာတ်မကျဖို့ အားပေးစကားတွေပြောပေးနေသူဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း  နွေးနွေးချစ်ဖွယ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်ဈေးရောင်းတဲ့အလုပ်ဟာ ရှက်စရာမဟုတ်ဘဲ သမာအာဇီဝဖြင့်လုပ်ကိုင်ခြင်းဖြစ်တာကြောင့် မွန်မြတ်ကြောင်းနဲ့လတ်တလောအခြေအနေများကြောင့် အားလုံးခက်ခဲနေကြတာ ဖြစ်တဲ့အတွက် ကိုယ့်မှာရှိတဲ့ငွေလေးနဲ့အလုပ်တစ်ခုစလုပ်သင့်ကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 

သူမကလည်း " ရှိတဲ့ ငွေ အရင်းအနှီးနဲနဲလေးနဲ့ ရတဲ့အလုပ်ကို  ကိုယ်ပိုင်  တပိုင်တနိုင်စလုပ်ကြည့်ပါ   လက်ရှိအောင်မြင်နေသောလုပ်ငန်းတွေအားလုံးက သေးသေးလေးက စခဲ့ကြတာပါ။

ထိုင်းနိုင်ငံမှာလူတိုင်းနီးပါ စျေးရောင်းကြတယ် အားလုံးသိပြီးသားပါ 

စျေးရောင်းတာရှက်စရာမဟုတ်ပါ။?

မလှူတတ်ရင် စျေးရောင်းဆိုတဲ့စကား  အလကားထားတာမဟုတ်ဘူး သမာအာဇီဝအလုပ်ပါ  မွန်မြတ်ပါတယ်။?

ဒီကာလ လူတိုင်းအဆင်မပြေကြတော့ ငွေကြေးအကူအညီလိုက်တောင်းလည်း စကားပဲ အဖတ်တင်မှာပါ  

ကူညီချင်စိတ်ကမြန်မာလူမျိုးတိုင်း

ရှိကြပေမယ့် ရှေ့ဆက်ဘာဖြစ်မလဲ အတွေးနဲ့ မပေးရဲကြတာများပါတယ် ?

ကိုယ့်မှာရှိတာငွေလေးနဲ့??လောက်ငှအောင် ဘာ အလုပ်လုပ်ရမလဲ ကြိုးစားပြီးသေးသေးလေးကစလို့ နည်းလမ်းရှာပါ ?

လမ်းပျောက်မနေပါနဲ့ လမ်းစရှာပါ 

စိတ်ဓါတ်မကျနဲ့ မာန်တင်းထားပါ

ငါလုပ်နိုင်တယ် ခြေလက်တွေအကောင်းတိုင်းရှိတယ် ??✋? စိတ်စွမ်းအားမြှင့်တင်ထားပါ

ငါ့မိသားစု ?‍?‍??‍?‍?‍?ငါ့ဘဝရပ်တည်ဖို့ ?ငါ့အတွက် ငါ့မှာ ငါရှိတယ် ဆိုတဲ့ စိတ်ခွန်အားမွေးပါ ? 

ဘုရားဟောပြီးသား 

မိမိကို သာ အားကိုးရာပါ ?

အောက်ပါပုံအတိုင်း တစ်နေ့ ၃ ကြိမ်လောက်အနည်းဆုံးအားရပါးရသွားပေါ်အောင်ရယ်ပါ  မရယ်ချင်လည်း ရှာကြံရယ်ပါ 

စိတ်ဖိစီးမှုလျော့ကျစေရန်" ဆိုပြီး ရေးသားထားတာပါ။ အခုလိုဈေးရောင်းပို့စ်တွေတင်နေတာကြောင့် အထင်လွဲနေတဲ့ လူတစ်ချို့ကိုလည်း " မေ   ၁   နတ်ချစ်လဏ်ဖြစ်

မေ   ၂   ရန်ဖြစ် 

မေ    ၃  မည်သူတစ်ဦးတစ်ယောက်ကိုမှမမုန်း 

လာဆဲလည်း  ပြန်မဆဲတော့ပါ သည်းခံ စိတ်လျော့ပြီးခွင့်လွှတ် လိုက်ပါတော့မည်   

လူတိုင်းအကြိုက်တော့ဘယ်လိုက်နိုင်မလည်းလေ  ကိုယ်လည်း ဒီကာလက စိတ်အခြေအနေအဆင်မပြေဘူးလေကိုယ်ချင်းစာပါတယ်

ကိုယ့်ရဲ့ လုပ်ဆောင်ချက်မှန်ကန်ဖို့သာလိုပါသည် အမှန်တရားက နဲနဲတော့ ခါးတယ် 

တစ်နေ့တော့ ကိုယ့်စေတနာ ကိုယ့်မေတ္တာ ရောင်ပြန်ဟပ်နိုင်ပါစေ  

မင်္ဂလာနံနက်ခင်းလေးဖြစ်ပါစေ?" ဆိုပြီး သူမရဲ့ရင်ထဲက ခံစားချက်တွေကို ရေးသားထားတာ ဖြစ်ပါတယ်။အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေကို အနုပညာရှင်များက တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေကြတာ ဝမ်းသာစရာပါပဲနော်။ နွေးနွေးချစ်ဖွယ်တစ်ယောက်လည်း  အလုပ်အကိုင်တွေ အခုထက်ပိုပြီး အဆင်ပြေပြီးကံကောင်းမှုတွေရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source and Photo Crd-Nway Nway Chit Phwel’s Facebook Account 

Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Photo Crd-Nway Nway Chit Phwel’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T