ခေါ်ယူမွေးစားထားတဲ့ သမီးလေးရဲ့ ဖခင်အရင်း ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာ ပြောပြလာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/7a/7a305995dc137d17ff8e524c653c126eaece938a.jpeg
အနုပညာရှင်များ

 ၀၃-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

အောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းရပ်တည်နေသလို ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို ရရှိထားသူကတော့ ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်..။

ခိုင်နှင်းဝေကတော့ မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားပြီး ကလေးငယ်လေးတွေကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးနေတဲ့အပြင် အခက်အခဲကြုံနေတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ကူညီဖေးမတတ်တာလည်း တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

Photo Credit - Khine Hnin Wai's Fb Acc Select an imageခိုင်နှင်းဝေကတော့ သူမခေါ်ယူမွေးစားထားတဲ့ သမီးငယ်လေး အေးချမ်းမေရဲ့ ဖခင်အရင်း ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ အကြောင်းကို စိတ်မကောင်းစွာ ပြောပြရင်း ဆုတောင်းစကားဆိုလာပါတယ်..။

ကလေးမွေးပြီးကတည်းက နောက်အိမ်ထောင်ပြုသွားတဲ့ ဇနီးကြောင့် ဖခင်ဖြစ်သူက အရက်ကိုပဲ ဖိသောက်ရင်း ငွေတစ်သိန်းနဲ့ ကလေးကိုလိုက်ရောင်းနေလို့ သမီးလေးအေးချမ်းမေက သူမဆီ ရောက်လာရတဲ့ အကြောင်းတွေကို ပြောပြကာ ကွယ်လွန်သူအတွက် မေတ္တာပေးပို့ထားဆုတောင်းထားတာ ဖြစ်ပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

"စိတ်မကောင်းစရာ သတင်းလေးပါရှင်...သမီးလေး အေးချမ်းမေရဲ့ အဖေ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားပြီဆိုတဲ့ သတင်းပါ... အမေက မွေးထဲက နောက် အိမ်ထောင်ပြုသွားလို့ အရက်ကိုပဲ ဖိသောက်နေရင်း ငွေတစ်သိန်းနဲ့ လိုက်ရောင်းနေလို့ ကျွန်မဆီ ရောက်လာတဲ့ သမီးလေးပါ.. သမီးလေး အဖေ ကောင်းရာ မွန်ရာ ရောက်ပါစေ ...ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေရှင်..???..." ဆိုပြီး ရေးသားပြောပြထားတာပါ..။

သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကသမီးငယ်လေးအတွက် စိတ်မကောင်းဖြစ်နေကြသလို ကလေးတွေအတွက် ရှေ့မှာအမြဲရပ်တည်ပေးနေတဲ့ ခိုင်နှင်းဝေကို အားပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

သတင်း အရင်းအမြစ်Khine Hnin Wai's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T