ချစ်ခင်ရတဲ့သမီးလေးရဲ့မွေးနေ့အတွက် တန်ဖိုးအရှိဆုံးမွေးနေ့ဆုတောင်းစကားကိုဆိုခဲ့တဲ့ ဒါရိုက်တာမောင်မျိုးမင်း

//s9.kh1.co/7b/7bf79ceef3ca5666823055fa55454a0c0780dfed.png
အနုပညာရှင်များ

 ၀၃-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

တစ်နှစ်မှတစ်ခါပဲကျရောက်တဲ့မွေးနေ့ကို လူတိုင်းကပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်ကြပါတယ်။ (၂၀၂၁) ရဲ့ နှစ်အစပိုင်းမှာကတည်းက နိုင်ငံရေးမငြိမ်သက်မှုတွေရှိလာခဲ့ပြီးနောက် လက်ရှိအချိန်ထိလည်း အထိကရုဏ်းတွေကြားထဲမှာ ပြည်သူတွေဟာအထိတ်တလန့်နဲ့ ဖြတ်သန်းနေခဲ့ရပြီး လတိုင်း ရက်တိုင်းမှာ ကျရောက်လာတဲ့မွေးနေ့ရှင်တွေဟာလည်း အပြည့်အဝမပျော်ရွှင်နိုင်ခဲ့ကြပါဘူး။ ဒီနေ့မှာလည်း ဒါရိုက်တာမောင်မျိုးမင်းက ချစ်ခင်ရတဲ့သမီးလေးရဲ့မွေးနေ့မှာ အမှတ်တရဖြစ်အောင် ဖန်တီးပေးခဲ့ပါတယ်။

Photo Credit - Maungmyomin Yintwinphyit's FB Acc
Photo Credit - Maungmyomin Yintwinphyit's FB Acc

ဘယ်လိုအခြေအနေတွေပဲဖြစ်နေပါစေ ချစ်ရတဲ့သမီးလေးရဲ့မွေးနေ့မှာ ပန်းစည်းလေးတစ်လက်တော့ လက်ဆောင်အဖြစ်ပေးပြီး ချစ်သမီးလေးကိုပျော်စေခဲ့ပါတယ်။ သမီးအတွက်မွေးနေ့ဆုတောင်းကိုလည်း " မွေးနေ့ဟာပျော်ရွှင်စရာကာလမှာ မကျရောက်ခဲ့ပေ မယ့် မကြာခင်ပျော်ရွှင်ခြင်းအစစ်တွေနဲ့ ပျော်နိုင်ပါစေ။ မျက်တောင်တစ်ချက်ခပ်လိုက်တိုင်း အနိဌာရုံတစ်ခုပျောက်ဆုံးပါစေ။ လောကကောင်းကျိုး မပြတ်သယ်ပိုး နိုင်ပါစေ။ ကျန်းမာပျော်ရွှင်သီလစင်ကြယ်သောသမီးကောင်းရတနာလေးအဖြစ် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင် သောနောက်ဆုံးဘဝကိုပိုင်ဆိုင်ရရှိပါစေလို့ပါပါးဆုတောင်းပေးလိုက်ပါတယ်။ " ဆိုပြီး ပန်းစည်းလက်ဆောင်ပုံလေးနဲ့ ဆုတောင်းပေးခဲ့ပါတယ်။

Photo Credit - Maungmyomin Yintwinphyit's FB Acc
Photo Credit - Maungmyomin Yintwinphyit's FB Acc

အဖေတစ်ယောက်လို လေးစားချစ်ခင်ရတဲ့ဦးမျိုးရဲ့ အကောင်းဆုံးမွေးနေ့ဆုတောင်းလေး အတွက် သမီးဖြစ်သူက ပီတိဖြစ်ရတဲ့အကြောင်းကို " ပါပါးပေးသောဆု မနှေးအမြန် ပြည့်ရပါလို၏ ပါပါးပေးသောဆု ပါပါးသမီးကဲ့သို့ပေးသော နူးညံ့သိမ်မွေ့သော ချစ်ခြင်းမေတ္တာတို့ကြောင့် စိတ်ချမ်းမြေ့ကြည်နူးရပါတယ် love you papar " ဆိုပြီး မှတ်ချက်ပြန်ပေးခဲ့ပါတယ်။

Photo Credit - Maungmyomin Yintwinphyit's FB Acc
Photo Credit - Maungmyomin Yintwinphyit's FB Acc

သတင်း အရင်းအမြစ်Maungmyomin Yintwinphyit's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T