ချစ်ခင်ရတဲ့ မိတ်ဆွေများနှင့်အတူ ဒေါက်တာအရှင်အဂ္ဂဇေယျအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ သံစဉ်မောင်

//s9.kh1.co/56/56a0829f5249a3ba7a58244263b790e986914ed3.jpeg
အနုပညာရှင်များ

 ၀၃-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာသူကတော့သရုပ်ဆောင်  သံစဉ်မောင်ပဲ  ဖြစ်ပါတယ်။ သူမကတော့ အစ်မဖြစ်သူ ဘေဘီမောင်နဲ့အတူ အနုပညာလှုပ်ရှားမှုတွေအတူတူလုပ်ဆောင်နေတာ ဖြစ်ပါတယ်။  ရရှိတဲ့ အနုပညာကြေးများဖြင့် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးဖြစ်တာကြောင့်  ပရိသတ်တွေကအရင်ကထက် ပိုပြီး ချစ်ခင်အားပေးနေကြတာပါ။

Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 

သံစဉ်မောင်ဟာ ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်ပြီး မကြာခဏဆိုသလို တရားစခန်းများလည်း  ဝင်ရောက်လေ့ရှိသူ တစ်ဦး ဖြစ်ပါတယ်။ နေ့စဉ်ဘုရားဝတ်ပြုတိုင်းလည်း မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေလို့ဆုတောင်းပေးနေပြီး ခုနှစ်ရက်သားသမီးများလည်း ဘေးအန္တရာယ်ကင်းဝေးပါစေလို့ မေတ္တာပို့ပေးနေတာ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါတိုင်းလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် လူမှုကွန်ယက်များတွင်ဝေမျှပေးနေတာ ဖြစ်ပါတယ်။

Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သံစဉ်မောင်ရဲ့Instagram Story တွင် ပုံလေးတွေ တင်ထားတာပဲ  ဖြစ်ပါတယ်။ ဒါကတော့ ချစ်ခင်ရတဲ့ မိတ်ဆွေများနှင့်အတူ ဒေါက်တာအရှင်အဂ္ဂဇေယျအား  နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ သံစဉ်မောင်ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ သံစဉ်မောင်တစ်ယောက် အခုထက်ပိုပြီး ဘာသာ၊သာသနာအကျိုးကိုသယ်ပိုးထမ်းရွက်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Than Sin Maung’s Instagram Account 

Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 
Photo Crd-Than Sin Maung’s Instagram Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T