စောင့်ရှောက်ထားတဲ့ သမီးလေးရဲ့ကွယ်လွန်သူဖခင်အတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်တွေလုပ်ရင်း အမျှဝေပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/8f/8fbea65478fcefd0d897ecddbcb7e55dbe9c6f1d.png
အနုပညာရှင်များ

 ၀၄-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ခိုင်နှင်းဝေခေါ်ယူစောင့်ရှောက်ထားတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ဖခင်ဖြစ်သူဟာ ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွန်သွားတာကြောင့် စိတ်မကောင်းဖြစ်ရတဲ့ အကြောင်း သူမရဲ့လူမှုကွန်ယက်ကနေ ပြောပြလာခဲ့ပါတယ်။ ဒီနေ့မှာတော့ ကွယ်လွန်သူအတွက် ကလေးနဲ့အတူ ကောင်းမှုကုသိုလ်တွေလုပ်ရင်း အမျှဝေပေးခဲ့ပါတယ်။ မသိနားမလည်သေးတဲ့ ကလေးလေးဟာ ဖခင်ဖြစ်သူရဲ့ပုံကိုကြည့်ပြီး တွေတွေလေးငေးနေပုံကိုမြင်ရသူတိုင်းဟာ စိတ်မကောင်းဖြစ်ကြောင်းနဲ့ စောင့်ရှောက်ပေးတဲ့ ကလေးတို့မေမေကို ကျေးဇူးတင်ကြောင်း မှတ်ချက်တွေပေးကြပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

ရင်ခွင်မဲ့ကလေးငယ်တွေအတွက် နွေးထွေးလုံခြုံတဲ့ရင်ခွင်တစ်ခုဖြစ်ပေးခဲ့ပြီး ဒုက္ခရောက်မယ့် ဘဝလေးကို လက်မတင်လေးကယ်တင်ပေးခဲ့တဲ့ တကယ့်စေတနာရှင်အမျိုးသမီးပါပဲ။ အနုပညာလမ်းကြောင်းမှာလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရခဲ့သလို စေတနာအရင်းခံပြီးလုပ်ရတဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း ပြည်သူတွေရဲ့ အားကိုးလေးစားမှုကို ပိုင်ပိုင်နိုင်နိုင်ရရှိခဲ့ပါတယ်။ ကလေးတွေကိုလည်း ကိုယ့်ကလေးအရင်းလို ပြုစုစောင့်ရှောက်ပြီး မေတ္တာစစ် မေတ္တာမှန်ပေးနိုင်တဲ့ မိခင်စိတ်အပြည့်ရှိသူပါ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သမီးလေးနဲ့အတူရည်စူးကုသိုလ်ပြုနေတဲ့ပုံလေးတွေကို " ကွယ်လွန်သူ ဦးမောင်မြင့်စိုး အသက် (၃၉) နှစ်နှင့်တကွ ကြားကြားသမျှ ....အမျှ..အမျှ....အမျှ........???..... " ဆိုပြီး ဝေမျှခဲ့ပါတယ်။ လုပ်သမျှအလုပ်တိုင်းမှာ စေတနာပါပြီး လိုအပ်နေတဲ့ကမ်းလက်တိုင်းကိုလည်း ကြင်နာနွေးထွေးစွာနဲ့ ဖေးမတတ်တဲ့ ပရဟိတမင်းသမီးလေးပါ။ သူမကိုတိုက်ခိုက်သူတွေ ရှိပေမယ့်လည်း ကိုယ်လုပ်ရမယ့် အလုပ်ကိုပဲအကောင်းဆုံးလုပ်ပြီး အကူအညီလိုနေသူတွေကို အမြဲတမ်းစိတ်အားထက်သန်ပြီး ကူညီပေးနေဆဲပါပဲ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T