ကျန်းမာရေးဝန်ထမ်းများအတွက် Mask N95 လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်ခင်ဝင့်ဝါ

ပရိသတ်ကြီးရေ အခုလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရ H1N1 ရောဂါပိုးကူးစက်မှုက ကာကွယ်နိုင်ဖို ့အတွက် ရိုးရိုး Mask ထက် ပိုမိုထိရောက်တဲ့ Mask N95 ကို အနုပညာရှင်တွေနဲ ့ပြည်သူတွေဟာ တတ်နိုင်သလောက်လှူဒါန်းမှုများပြုလုပ်လျက်ရှိပါတယ်။

ပြည်သူချစ်အနုပညာရှင်ခင်ဝင့်ဝါဟာလည်း Online Donation Group နဲ ့အတူ လူနာတွေကို အနီးကပ်ပြုစုကုသပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်တဲ့ Mask တွေကို လှူဒါန်းခဲ့တယ်လို ့သိရပါတယ်။ ဒီအကြောင်းကို ခင်ဝင့်ဝါက

“ဒီနေ့ ဝင့်ဝါတို့ Online Donation Group မှ စံပြဆေးရုံ ရှိ ကလေးဆောင် / အရေးပေါ်ဌာန /medical ward နဲ့ မြောက်ဥက္ကလာ ဆေးရုံ ရှိ အရေးပေါ်ဌာန /medical ward တို့ရှိ ကျန်းမာရေးဝန်ထမ်း များ အတွက် mask N95 ကို စုစုပေါင်း ၆၀၀ လှူဒါန်းခဲ့ပါသည်။ တကယ့်ကို လိုအပ်တဲ့နေရာ တွေမှာလည်းထပ်မံလှူဒါန်း ဖို့ရှိပါတယ်ရှင်”့ လို ့ပြောပြသွားခဲ့ပါတယ်။

အဆိုပါ ဗိုင်းရပ်စ်ပိုးဟာ အရမ်းသေးငယ်တဲ့အတွက် သာမန် Mask တွေကို ထိုးဖေါက်ဝင်ရောက်နို်င်လို ့ပြည်သူလူထုအနေနဲ ့သတိထားပြီး

သွားလာလှုပ်ရှားကြဖို ့တိုက်တွန်းလိုပါတယ်။

လက်ကိုလည်း မကြာခဏဆေးကြောပေးဖို ့လိုအပ်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တက်စေမယ့်အစားအစာတွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။

အခုလက်ရှိမှာတော့ အဆိုပါ ဗို်င်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၇ ဦးထိရှိလာပြီး ကူးစက်ခံရသူ ၄၁ ထိရှိကြောင်း သိရပါတယ်။ 

သတင်းအရင်းမြစ် Khin Wint Wah/ Local Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။