တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကြော်ကြားခဲ့တဲ့ အဆိုတော်ငယ်ငယ်လေးတစ်ဦး ယနေ့အချိန်မှာတော့ ပရိသတ်မမှတ်မိလောက်အောင် အရမ်းကိုလှလို့နေပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေကြား သူမရဲ့ သီချင်းတွေဟာ စွဲစွဲလန်းလန်းဖြစ်ရလောက်တဲ့ထိ နာမည်ကြီးခဲ့တဲ့ သူမကတော့ ကြိုးကြာ ပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။ 

ထွက်တဲ့ သီချင်းတိုင်းလိုလိုပေါက်ခဲ့ အောင်မြင်ခဲ့ပြီး ကြိုးကြာ စင်ဒီဆိုပြီး ပရိသတ်အသိအမှတ်ပြုခဲ့ကြသူတွေပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ သီချင်းအသစ်တွေ ဆက်လက်ထွက်ရှိမရှိပေမယ့် သူမရဲ့ သီချင်းတွေကတော့ ပရိသတ်ကို ယနေ့တိုင် လှုပ်ကိုင်နိုင်ဆဲပါပဲ။

လက်ရှိမှာတော့ သူမရဲ့ နာမည်အရင်းဖြစ်တဲ့ ချစ်မြတ်နိုးသန့် ဆိုတဲ့နာမည်ရဲ့ လူမှုကွန်ယက်သုံးစွဲနေပြီး ထိုအကောင့်မှတဆင့် သူမရဲ့ ဓာတ်ပုံလေးတွေကို တစ်ခါတစ်ရံ တင်လေ့ရှိပါတယ်။ သူမရဲ့ ဓာတ်ပုံလှလှလေးတွေကို ပရိသတ်ကြီးအတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်နော်.........

Photo Source: Jet Jet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။