ဈေးရောင်းနေသူချင်းကိုယ်ချင်းစာတဲ့စိတ်ကြောင့် ဈေးသည်တွေဆီက အသီးအရွက်တွေ အများကြီးအားပေးခဲ့တဲ့ ဇာဇာထက်

//s9.kh1.co/4a/4ac724a87cf05651ed1c4b6c0b073facd38f2586.png
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်နေတဲ့ ဇာဇာထက်ဟာ ကိုယ်တိုင်လည်း Online Shop လုပ်နေသူမို့ ဈေးသည်တွေရဲ့ဘဝကို အပြည့်အဝနားလည်ပြီး လမ်းမပေါ်မှာ အသီးအရွက်တွေရောင်းနေရတဲ့ဈေးသည်တွေဆီကနေ တတ်နိုင်သလောက် ခပ်များများလေးဝယ်ခဲ့ပါတယ်။ အခုလိုအကျပ်အတည်းကာလတွေမှာ သူမအနေနဲ့လည်း တတ်နိုင်တဲ့ဖက်က လိုအပ်သူတွေကိုအကူအညီပေးနေခဲ့တာပါ။ အကျပ်အတည်းတွေကြားထဲကနေရုန်းကန်ပြီး လက်ရှိအခြေအနေထိ ကိုယ့်အားကိုယ်ကိုးပြီး ဖြစ်တည်လာခဲ့တာကြောင့် သူမရဲ့ရပ်တည်မှုအတွက် အမြဲတမ်းလိပ်ပြာလုံမယ့် ရဲရဲတောက်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit - Zar Htet's FB Acc
Photo Credit - Zar Htet's FB Acc
Photo Credit - Zar Htet's FB Acc
Photo Credit - Zar Htet's FB Acc

သိပ်ချစ်ရတဲ့မိခင်ကြီးဆုံးပါးသွားပြီးနောက် မောင်နှမတွေအပေါ်မှာ အမကြီးအမိရာ ပီသစွာနဲ့ နေထိုင်လာခဲ့ပြီး Model လုပ်ငန်းကနေရတဲ့ဝင်ငွေလေးတွေကိုစုဆောင်းကာ ကိုယ်ပိုင်လုပ်ငန်းအဖြစ်နဲ့ Online Shop စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူမကိုချစ်ခင်ကြသူတွေရဲ့ အားပေးမှုတွေကြောင့် အခြေအနေတစ်ခုထိရောက်လာခဲ့ပြီး ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်နိုင်ခဲ့သလို အိမ်ရဲ့အတွင်းပိုင်းကိုလည်း သူမစိတ်ကြိုက်ပြုပြင်နိုင်ခဲ့ပါတယ်။ သူတစ်ပါးအပေါ် စိတ်ကောင်းအမြဲထားတာကြောင့် သူမရဲ့တန်ဖိုးကြီးပစ္စည်းတွေပျောက်တိုင်း အမြဲတမ်းပြန်ရတတ်တဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။

Photo Credit - Zar Htet's FB Acc
Photo Credit - Zar Htet's FB Acc

ဈေးသည်တွေဆီကအားပေးခဲ့တဲ့ အသီးအရွက်တွေကို " ဈေးသည်ခြင်း ကိုယ်ချင်းစာသောစိတ်ဖြင့် " ဆိုပြီး အမှတ်တရပုံရိုက်ကာ လူမှုကွန်ယက်မှာဝေမျှခဲ့ပါတယ်။ သူမရဲ့စိတ်ရင်းစေတနာကို သိတဲ့ပရိသတ်တွေကတော့ ဇာ့ကိုအရင်ကထက်ပိုချစ်ပြီး ပိုအားပေးလာခဲ့ပါတယ်။ ဘဝကို အကောင်းဆုံးပုံဖော်နိုင်ပြီး ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ မားမားမတ်မတ်ရပ်တည်နိုင်တဲ့ အမျိုးသမီးဖြစ်တာကြောင့်လည်း အခုလိုအနေအထားကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Photo Credit - Zar Htet's FB Acc
Photo Credit - Zar Htet's FB Acc

သတင်း အရင်းအမြစ်Zar Htet's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T