ကြော်ငြာတွေအပြင် ဇာတ်ကားတွေလည်း ရိုက်ကူးထားပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် လျှောက်လှမ်းနေတဲ့ ညိမ်းသော်ကတော့ လက်ရှိမှာလည်း အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
ညိမ်းသော်ကတော့ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လိုအပ်နေသူတွေအတွက် လှူဒါန်းမှုတွေကိုလည်း ပြုလုပ်ကာ တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း တွေ့ရပါတယ်..။
ညိမ်းသော်ကတော့ ဒီကနေ့မှာကျရောက်လာတဲ့ အမေများနေ့မှာလည်း မိခင်ဖြစ်သူအတွက် အမှတ်တရတွေနဲ့အတူ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဆုတောင်းစကားတွေ ဆိုလာပါတယ်..။
ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးပြီး ဆုံးဖြတ်ချက်တွေကိုလည်း ဘာတစ်ခုမှ မပိတ်ပင်ဘဲ ယုံကြည်ပေးခဲ့တဲ့ မိခင်ဖြစ်သူကို ကျေးဇူးတင်စကားလေးဆိုကာ အမေများအားလုံးအတွက်လည်း ဆုတောင်းပေးထားတာ ဖြစ်ပါတယ်..။
"Happy Mother Day ❤️
ကိုယ်ပိုင် လွပ်လပ်ခွင့်နဲ့ ဆုံးဖြတ်ချက်မှန်သမျှ အရာအားလုံးကို ဘာတစ်ခု မှ မပိတ်ပင် ခဲ့တာအတွက် ကျေးဇူးအများကြီး တင်ပါတယ်??
ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံး ကျန်းမာ၊ ဘေးကင်းကြပါစေ???.." ဆိုပြီး ဆုတောင်းစကားဆိုထားတာ ဖြစ်ပါတယ်..။
အမေများနေ့မှာ မိခင်ဖြစ်သူအတွက် ဆုတောင်းစကားတွေနဲ့ အမှတ်တရလေးတွေကို ဝေမျှလာတဲ့ ညိမ်းသော်တို့ သားအမိနှစ်ယောက်ရဲ့ပုံရိပ်တွေကိုလည်း ပရိသတ်တွေက သဘောကျနေကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Nyein Thaw's Fb Acc