အဝေးသင်ဌာနရဲ ့မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ Queen အဖြစ်ရွေးချယ်ခံရတဲ့ ဦးခင်လှိုင်ရဲ ့သမီးလေး သဇင်ထူးမြင့်

ပရိသတ်ကြီးရေ သရုပ်ဆောင်ဦးခင်လှိုင်ဟာ အနုပညာသက်တမ်းကြာမြင့်ပြီဖြစ်သလို ကျရာဇာတ်ရုပ်မှာ တာဝန်ကျေစွာနဲ ့ပရိသတ်တွေကို

အကောင်းဆုံးကြိုးစားပြီး ဖျော်ဖြေတင်ဆက်သူမို ့အားပေးချစ်ခင်သူပရိသတ်များစွာရှိတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဦးခင်လှိုင်ဟာ သားချောလေးတစ်ယောက်နဲ ့သမီးချောလေးတစ်ယောက်ရှိပြီး သမီးလေးကတော့ ဒီနေ ့မှာ ဝမ်းမြောက်ဂုဏ်ယူစရာ အမှတ်တရလေးကို

ကြုံတွေ ့ခဲ့တာပဲဖြစ်ပါတယ်။ 

ဒီနေ ့ဇူလိုင် ၃၀ ရက်နေ ့မှာ ဒဂုံတက္ကသိုလ် ရူပဗေဒ (အဝေးသင်ဌာနခွဲ) ရဲ ့ပထမဆုံးအကြိမ် မောင်မယ်သစ်လွင်ကြိုဆိုပွဲလေးကို ကျင်းပခဲ့ပါတယ်။

ဒီပွဲလေးမှာ ဦးခင်လှိုင်ရဲ ့သမီးချောလေး သဇင်ထူးမြင့်ဟာ အလှဘုရင်မအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပျော်ရွှင်စရာအမှတ်တရလေးနဲ ့ကြုံတွေ ့ခဲ့ရတဲ့ သဇင်ထူးမြင့်ဟာ ပန်းလေးတွေပေးကြလို ့အရမ်းပျော်ပါတယ်လို ့လူမှုကွန်ရက်စာမျက်နှာကနေ

ပြောပြခဲ့ပြီး ဦးခင်လှိုင်ကလည်း သမီးလေးအတွက် ဂုဏ်ပြုစကားလေးဆိုခဲ့ပါတယ်။

Queen of Physics (UDE) အနေနဲ ့ရွေးချယ်ခံရတဲ့ သဇင်ထူးမြင့်ရဲ ့ချစ်စရာကောင်းလှတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးက အခုလိုပဲတွေ ့မြင်နို်င်ပါတယ်။

သတင်းအရင်းမြစ် Thazin Htoo Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။