မုံံရွာမြို ့ မြစန္ဒာခန်းမတွင် ပြုလုပ်ခဲ့သည့် Miss Universe Myanmar 2018 အလှမယ်ပြိုင်ပွဲဝင်ရန် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားပြုအလှမယ်ရွေးချယ်ရာတွင် သုံးနှစ်ဆက်တိုက် ဇွဲမလျော့ဘဲဝင်ပြိုင်ခဲ့သော မုံရွာမြို ့ကိုယ်စားပြုအလှမယ် သဉ္ဖာချမ်းမြေ ့သရဖူဆွတ်ခူးသွားခဲ့ပါတယ် ။ ပြိုင်ပွဲပြီး ၇ ရက် အကြာမှာတော့ အနိုင်ရအလှမယ်ထံမှ သရဖူကို ရုတ်သိမ်းပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း Miss Universe Monywa 2017 Organization ကထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ် ။ ထုတ်ပြန်စာတွင်လည်း Miss တစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာညိုးနွမ်းစေမယ့် အပြုအမူများကို ကျူးလွန်မိခဲ့ကြောင်း အလှမယ်ကိုယ်တိုင် တောင်းပန်ဝန်ခံထားသည်ဟုလည်း ဖော်ပြပါရှိပါတယ် ။

အခြားဆက်စပ်သတင်းအနေနဲ့ ပြိုင်ပွဲပြီးနောက်တစ်ရက်တွင် မုံရွာ စီးပွားရေးတက္ကသိုလ်ကျောင်းသူ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ မသင်းသင်းအောင် မှ Organization မှလူတစ်ယောက်ဟာ သူမကိုတစ်ဦးထည်း Hotel သို့ခေါ်၍ အလှမယ်ဖြစ်နိုင်ချေရှိသောကြောင့် ဒိုင် ၇ ဦးကို တစ်ယောက်တစ်သိန်းစီကန်တော့ရန် Winner အတွက်ရရှိမယ့် ဆုကြေးကိုမယူရန် ပြောဆိုမှုများရှိခဲ့ကြောင်း ပြိုင်ပွဲမစခင်အချိန်ထိ ဖုန်းဆက်ပြောဆိုမှုများရှိခဲ့ကြောင်း ပြောကြားခဲ့သည့် အသံဖိုင်များနှင့်တကွ Media ကိုထုတ်ပြရှင်းလင်းခဲ့ပါတယ် ။ ထိုကိစ္စအတွက် Organization ၊ ဒိုင်လူကြီးများနှင့် ၊ City Director တို့မှလည်း တန်ပြန်သတင်းစာရှင်းလင်းပွဲလုပ်ကာ ခါးနံပါတ် ၁၄ မှ သရဖူရရှိဖို့ ဘယ်လိုလုပ်ရမလဲ မေးမြန်းမှုအတွက် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သေချာပေါက်ရရှိမည်ဟုပြောဆိုခြင်းမျိုးမဟုတ်ဘဲ ပြိုင်ပွဲတွင် ဒိုင်လူကြီးများပေးသည့်အမှတ်အတိုင်းမှန်မှန်ကန်ကန်ရွေးချယ်ခဲ့ကြောင်းပြောကြား၍ နှစ်ဦးနှစ်ဖက်မပြေလည်မှုများဖြစ်ပွားခဲ့ပါတယ် ။

မုံရွာမှလုပ်ငန်းရှင်တစ်ဦးကလည်း

" King & Queen မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတုန်းက Winner ရတဲ့ အလှမယ်နောက်ကြောင်းကို record အကုန်ရှိတယ် ။ စုံစမ်းထားတယ်ပြောတယ် ။ ခုမှ ဂုဏ်သိက္ခာညှိုးနွမ်းတဲ့ဟာတွေလုပ်လို့ဆိုပြီး ဆုပြန်သိမ်းတယ် ။ သေချာမစုံစမ်းဘဲ ရွေးုပြီးမှ ပြန်ဖြုတ်တာ သူတို့အားနည်းချက်လေ ။ Miss Universe Myanmar ပြိုင်ပွဲမှာ မုံရွာကိုယ်စားပြုတစ်ယောက်မှမပါတော့ဘူးဖြစ်သွားတယ် ။ ဒါဆိုရင် မုံရွာက လုပ်ငန်းရှင်တွေ ဒီပွဲအတွက် Sponsor တွေပေးခဲ့ရတာ ကူညီခဲ့ရတာတွေအလကားပဲ ။ ပွင့်လင်းရိုးသားစွာမလုပ်ခဲ့တဲ့ Organization ကျတော့ ဘာလို့အရေးမယူလဲပေါ့ ။ " လို့ သူ့ရဲ့ အမြင်ကို ထုတ်ဖော်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် free4reader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။