အရပ်ဝတ်တွေနဲ့ ဖြိုခွဲခဲ့တာကြောင့် ဖမ်းဆီးခံရသူများခဲ့တဲ့ မန္တလေး တပ်ပေါင်းစု သပိတ်စစ်ကြောင်း

//s9.kh1.co/ea/ea984c6352389fdeb4a2a922ebf7306a1ae61eb7.jpg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ မေလ ၁၂ ရက်နေ့မနက် အစောပိုင်းက မန္တလေးမြို့နယ်အတွင်းမှာ တပ်ပေါင်းစု သပိတ်စစ်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီစစ်ကြောင်းထဲမှာတော့ အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂ ၊ မဟာအောင်မြေ သပိတ်စစ်ကြောင်း ၊ ဘုရားကြီးစစ်ကြောင်း ၊ MIIT ကျောင်းသား/ သူများသပိတ်စစ်ကြောင်း ၊ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်းအပြင် အခြားသော ပူးပေါင်းသပိတ်စစ်ကြောင်းတွေလည်း ပါဝင်ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒီတပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ လူစုကာ စတင်ချီတက် ဆန္ဒထုတ်ဖော်ပြီး သိပ်မကြာခင်မှာပဲ ဖြိုခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီစစ်ကြောင်းဟာ ၁၁၈*၇၈ လမ်းစျေးနားမှာ အရပ်ဝတ်စစ်သားတွေ ဖြိုခွဲတာကို ခံခဲ့ရတာဖြစ်ပြီး သပိတ်အတွင်းပါဝင်သူ တော်တော်များများ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေထဲမှာတော့ ဆရာမတွေနဲ့ ပြည်သူ၊ ပြည်သားတွေ ပါဝင်ပြီး ဘယ်နှယောက် အဖမ်းခံရသလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒီစစ်ကြောင်းထဲမှာ ပါဝင်သူတစ်ယောက်ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာဆိုရင်လည်း ဒီနေ့ငါတို့သပိတ်ဖြိုခွင်းခံခဲ့ရပေမဲ့ နောက်နေ့ဆက်ထွက်‌ပြီးတော်လှန်နေအုံးမှာဘဲ ၊ဆွဲခံလိုက်ရတဲ့ငါတို့ရဲဘော်ရဲဘက်တွေအမြန်ဆုံးပြန်လွတ်လာပါစေ လို့ တင်ထားတာကို တွေ့ရပါတယ်။

ဘယ်လောက်ပဲ ဖိနှိပ်ဖြိုခွဲခံရပါစေ အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် အသက်ကိုတောင်ပဓာနမထားပဲ လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေရဲ့ သတ္တိကတော့ အံ့မခန်းပါပဲ။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
https://s9.kh1.co/__image/w=650,h=1154,q=100/30/30129dd7a22a145ef2919722bd444d5c6dc1c3bb.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T