လွန်ခဲ့တဲ့ ၂ နှစ်က လေယာဉ် accident ဖြစ်ခဲ့ပေမယ့် အသက်ဘေးက လွတ်ခဲ့ကြောင်းကို အမှတ်တရပြန်လည်ပြောပြလာတဲ့ စည်သူမောင်

//s9.kh1.co/40/40a80b8f8737199e896fe21d68f356b7ee21bdb6.jpg
အနုပညာရှင်များ

 ၁၂-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ဆယ်စုနှစ်တိုင်အောင် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ သူကတော့ ရုပ်ရှင် သရုပ်ဆောင် စည်သူမောင် ပဲဖြစ်ပါတယ်။သူက ဘာသာရေးလည်း ကိုင်းရှိုင်းသလို မိဘနှစ်ပါးကို ကျွေးမွေးပြုစု စောင့်ရှောက်နေတဲ့ သူလည်း ဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင် ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေတာကိုလည်း တွေ့ရပါတယ်။

Photo Credit -Si Thu Maung FB Account
Photo Credit -Si Thu Maung FB Account
Photo Credit -Si Thu Maung FB Account
Photo Credit -Si Thu Maung FB Account

နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ ပြည်သူ့ သူရဲကောင်းတွေ အတွက်လည်း များစွာ စိတ်မကောင်းဖြစ်ကာ သူတို့အတွက်ကိုလည်း မေတ္တာပို့ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။ဒီနေ့မှာတော့ သူရဲ့လူမူကွန်ယက်စာမျက်နှာထက်တွင် လွန်ခဲ့တဲ့ နှစ်နှစ်က သေကံမရောက် သက်မပျောက်ဘဲ ပြန်ပြီး ရှင်သန်ခဲ့ရတဲ့နေ့ကို ပြန်အမှတ်ရကာ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့အကြောင်းကို ပရိသတ်တွေအား ပြန်လည်ပြောပြလာတာ ဖြစ်ပါတယ်။

Photo Credit -Si Thu Maung FB Account
Photo Credit -Si Thu Maung FB Account
Photo Credit -Si Thu Maung FB Account
Photo Credit -Si Thu Maung FB Account

"လွန်ခဲ့သော ၂ နှစ်က ဒီနေ့ လိုနေ့မျိုး ဘဝမှာ နောက်ထပ်တစ်ကြိမ် ရှင်သန်ခွင့်ရတဲ့နေ့..MNA ရဲ့ Yangoon-Mandalay ခရီးစဉ်မှာ လေယာဉ်ရှေ့ဘီး Nose Wheel Landing Gear ချို့ယွင်းမှုကြောင့် ဘာမဆိုဖြစ်သွားနိုင်တဲ့ Emergency Landing မှာ ဘေးမသီရန်မခ သေကံမရောက် အသက်မပျောက်ပဲ ပြန်ပြီးရှင်သန်ခွင့်ရတဲ့နေ့.. ဘုရား တရား သံဃာ အနန္တော အနန္တ ငါးပါး ဂုဏ်ကျေးဇူးနဲ့ လေယာဉ်မှူးကြီး ကိုမြတ်မိုးအောင် Myat Moe တို့ရဲ့ ကျေးဇူးတွေကို အမြဲ သတိတရရှိလျှက်ပါ...??????ကဲ ဒီလို အသက်ဘေးကတောင် အောင်မြင်အောင်ကျော်လွှားနိုင်ခဲ့တာ ကျန်တာတွေကတော့ အေးဆေးပါပဲ ဆက်ပြီးအောင်မြင်အောင် ကျော်လွှားသွားပါ့မယ်"ဆိုပြီး ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။သူရဲ့အတူ အနုပညာရှင်မောင်နှမတွေ အတူပါကြတာကို တွေ့ရတာ ဖြစ်ပြီး ပရိသတ်တွေကလည်း ကံကောင်းတဲ့ မောင်နှမတွေဆိုပြီး ပြောထားကြတာ ဖြစ်ပါတယ်။

Photo Credit -Si Thu Maung FB Account
Photo Credit -Si Thu Maung FB Account
Photo Credit -Si Thu Maung FB Account
Photo Credit -Si Thu Maung FB Account

သတင်း အရင်းအမြစ်Si Thu Maung FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T