ပိုပိုနဲ့ပတ်သက်တဲ့ကောလဟာလတွေကြောင့် စိတ်မကောင်းဖြစ်ရပြီး ဘေးကင်းစေဖို့ လေးလေးနက်နက်ဆုတောင်းပေးနေတယ်ဆိုတဲ့ နွေးနွေးချစ်ဖွယ်

//s9.kh1.co/a9/a9152c5e0adcab6ed0ca7c858720b581baf2f680.png
အနုပညာရှင်များ

 ၁၂-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

အင်းစိန်အကျဉ်းထောင်ကလွတ်မြောက်လာခဲ့သူတွေရဲ့ပြောစကားအရ ပိုပိုက စိတ်ကျန်းမာရေး မကောင်းတဲ့ပုံစံတွေတွေ့ရတယ်ဆိုတဲ့ ကောလဟာလတွေဟာ လက်ရှိမှာအတော်လေးကို ပျံ့နှံ့နေခဲ့ပါ တယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပိုပို့ရဲ့ညီမဖြစ်သူက " ကျွန်မအမ ပိုပိုနဲ့ပတ်သတ်ပြီး စိတ်ကျန်းမာ‌ရေးမကောင်းဘူးဆိုတဲ့သတင်းတွေ ပျံ့နှံ့နေတာတွေ့ရပါတယ်။ အခု ညီမတို့ဖက်က စုံစမ်းရ‌သလောက်တော့ အင်းစိန်ကိုလည်းမရောက်သေးလို့ သတင်းကြားရပါတယ်။ မပိုရဲ့သတင်းနဲ့ ပတ်သက်ပြီးအမှားတွေ မတင်စေချင်ပါဘူး။ အခုချိန်ထိ ဘယ်ရောက်လို့ ရောက်မှန်းမသိသေးတဲ့ သူ့အပေါ် အဆိုးတွေအများကြီး သက်ရောက်သွားတာ ဖြစ်မှာစိုးရိမ်လို့ပါ။ အခုမပိုရဲ့စိတ်ကျန်းမာရေးမကောင်းတဲ့ အပြုအမူကို တွေ့ခဲ့တဲ့ အင်းစိန်ထောင်ကလွတ်လာတဲ့ အကို၊အမရေ ဒီသတင်းက confirm ဖြစ်တယ်ဆို ညီမကိုလာပြောပေးပါရှင်။ အခုအမသတင်းကို ဘာမှမကြားရသေးတဲ့အတွက် ဒီလိုသတင်းကြောင့် ပိုပြီး စုံစမ်းမရမှာစိုးရိမ်လို့ပါ။ ဒီနေ့နဲ့ဆို မပိုဖမ်းခံရတာ 28 ရက်ရှိပါပြီ " ဆိုပြီး လူမှုကွန်ရက်မှာ ပြောခဲ့ပါတယ်။

Photo Credit - Po Po's FB Acc
Photo Credit - Po Po's FB Acc

သတင်းတွေကအမှားအမှန်သေချာမသိသေးတာကြောင့် ပိုပို့ဘေးကင်းစေဖို့ပဲ ဆုတောင်းနိုင် တာမို့ အားလုံးကလည်း ပိုပို့အတွက်ဆုတောင်းပေးနေကြပါတယ်။ ပိုပို့ရဲ့ ခင်မင်ရတဲ့ အမတစ်ယောက်ဖြစ်တဲ့ နွေးနွေးချစ်ဖွယ်ဟာလည်း " တစ်ခါတလေ မြေပြင်အနေအထားနဲ့ fb ပေါ်မှာဖြစ်နေတာတွေကတခြားစီပါ တချို့ fb ကို ဘဝကြီးလို့ထင်နေကြတယ်။ ငြိမ်နေတော့မှန်လို့ ရှင်းပြန်တော့ Attention ရှာတယ် ဘာတွေမှန်းကိုမသိဘူး ခုလဲ ပိုပိုကိစ္စ အားလုံးစိတ်မကောင်းဖြစ်ရတယ် ဘယ်ဟာမှန်လဲ မှားလဲ ကိုယ်တိုင်မမြင်လို့ မသိပေမယ့် ငါ့ညီမလေး ဘေးရန်ကင်း မှဲ့တစ်ပေါက်မစွန်းဘဲ အိမ်ပြန်လာနိုင်ပါစေ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေနဲ့တကွ မိဘပြည်သူ ညီကိုမောင်နှမတွေလည်း မိဘရင်ခွင်အမြန်ဆုံး ပြန်လာနိုင်ပါစေ လွတ်လပ်သော အပြင်လေကို တစ်ဝရှုနိုင်ပါစေ နေ့တိုင်းလေးလေးနက်နက် ဆုတောင်းနေသောဆုတောင်းပါ " ဆိုပြီး ပိုပို့အတွက် ရင်တွင်းစကားလေးတွေပြောခဲ့ပါတယ်။

Photo Credit - Po Po's FB Acc
Photo Credit - Po Po's FB Acc

ဖမ်းဆီးခံရတဲ့အထိကို ရပ်တည်ချက်မပြောင်းလဲဘဲ သူမရဲ့ခံယူချက်ကို ရဲရဲကြီးထုတ်ဖော် သွားခဲ့တဲ့ ပိုပိုဟာ လက်ရှိမှာဘယ်ရောက်နေပြီဆိုတာကို မိသားစုဝင်တွေကိုယ်တိုင်တောင် မသိရသေးပါဘူး။ ကောလဟာလတွေကြောင့် မိသားစုတွေရော သူမကိုချစ်တဲ့ ပရိသတ်တွေရော စိတ်မချမ်းမသာဖြစ်ရပါ တယ်။ ဘယ်နေရာကိုပဲရောက်ရောက် ရောက်တဲ့နေရာတိုင်းမှာ ဘေးကင်းပြီး အားလုံးဆီကို အရင်လိုအပြုံးတွေနဲ့ အမြန်ဆုံး ပြန်ရောက်လာပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Po Po's FB Acc
Photo Credit - Po Po's FB Acc

သတင်း အရင်းအမြစ်Po Po's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T