ကချင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးနဲ့ အဝတ်အထည်တွေ လှူဒါန်းလိုက်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/a5/a58619243bbc81d3c4ab7480c73ba1505562cfcd.jpeg
အနုပညာရှင်များ

 ၁၂-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ပြည်သူတွေအတွက် လိုအပ်သလို ကူညီထောက်ပံ့ပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိမှာလည်း အားလုံးနဲ့အတူ ရပ်တည်နေတာပါ..။

ဝေဠုကျော်ကတော့ အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ပရဟိတအလုပ်တွေနဲ့လည်း ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page

ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ဒီကနေ့မှာလည်း ကချင်ပြည်နယ်က စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူတွေအတွက် ဆေးဝါးနဲ့ အဝတ်အထည်တွေ လှူဒါန်းခဲ့တာ တွေ့ပါတယ်..။

စေတနာရှင်တွေရဲ့ကိုယ်စား ကချင်စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကလေးငယ်တွေအတွက် ဆေးဝါးနဲ့ အနွေးထည်တွေ လှူဒါန်းခဲ့တဲ့အကြောင်းကိုလည်း အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"12-5-2021

ကချင်တိုက်ပွဲရှောင်များအတွက် ဆေးဝါးများနှင့် ကလေးအနွေးထည် အသစ်များကို အလှူရှင်များကိုယ်စား ယနေ့ ထပ်မံ ပို့ဆောင်လှူဒါန်း ပေးလိုက်ပါသည်။

ဝေဠုကျော်ဖောင်ဒေးရှင်း.." ဆိုပြီး မျှဝေပြောပြထားတာ ဖြစ်ပါတယ်..။

​ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ၇ရက်သားသမီး အလှူရှင်တွေနဲ့အတူ တတ်နိုင်သလောက် ဖေးမကူညီနေတာကြောင့် ပရိသတ်တွေကလည်း သဘောကျအားပေးနေကြတာ ​တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T