ပြိုင်ပွဲအတွက် ဝတ်စုံတွေကို ပြန်လည်ရရှိအောင် အစွမ်းကုန် ကြိုးစားပေးခဲ့ပေမယ့်လည်း အဆင်မပြေတာကြောင့် စိတ်လျော့လိုက်ပြီလို့ ပြောလာတဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/83/836c1191b6d97b27a7553847eb204e78a9e29218.jpg
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

Miss Universe ပြိုင်ပွဲကြီးက ရက်နီးကပ်လာတာ ဖြစ်ပြီး သူဇာဝင့်လွင်ရဲ့National Costume ရော Luggage ​ရောက အခုချိန်ထိ New York ကနေ ရောက်ရှိလာခြင်း မရှိသေးတာကြောင့် ဥက္ကာမင်းမောင်က လိုက်လံ စုံစမ်းပေးကာ သူကိုယ်တိုင်လည်း Miami ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒါပေမယ့်လည်း အဆင်မပြေဖြစ်ကာ အချိန်မီှ ပြန်မရနိုင်လောက်တော့ဘူး ဖြစ်တာကြောင့် စိတ်လျော့လိုက်​ပြီ ဖြစ်ကြောင်းကို အခုလို အသေးစိတ် ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။

Photo Credit- Ye Htoo Win FB Account
Photo Credit- Ye Htoo Win FB Account
Photo Credit-Thuzar Wint Lwin FB Page
Photo Credit-Thuzar Wint Lwin FB Page

"Miss Myanmar ရဲ့ National Costume ​ရော Luggage ​ရော အဆင်မ​ပြေခဲ့ပါ.. ကျွန်​တော်နဲ့ Chrissy နဲ့ Khong တို့ ဖုန်း​တွေ အကြိမ်ကြိမ်ဆက်.. ရန်​တွေဖြစ်.. complain ​တွေတက်.. ​လေဆိပ်မှာလဲ lost & found မှာ ည​နေ ၅ နာရီ​ luggage ရောက်တယ်သတင်းကြားလို့ ၃​ယောက်သား သွားကြည့်တာ သူ့အိတ် မဟုတ်ပါဘူး..Live ​တောင် လွှင့်ထားပါတယ်..စိတ်​မောလူ​မော ဇာတ်ပို့ စုံ​ထောက်ဇာတ်ရုပ် ရိုက်ခြင်း​ပေါ့.. ? American Airline ရဲ့ lost and found main office ရှိတဲ့ Dallas, Texas မှာ ပါဝင်တဲ့ အိတ်ထဲက items စာရင်း​တွေနှင့်တကွ ပြန်ရှာရပါမယ်တဲ့ခင်ဗျာ.. ကျွန်​တော်လဲ evening gown အနီ တထည်ပုံကလွဲပြီး သူ့ luggage ထဲ ဘာ​တွေပါလဲ မသိပါ.. သူကိုယ်တိုင် airline ကိုဆက်သွယ်ပြီး form ဖြည့်ရမှာဖြစ်ပါတယ်..

Photo Credit-Thuzar Wint Lwin FB Page
Photo Credit-Thuzar Wint Lwin FB Page
Photo Credit-Thuzar Wint Lwin FB Page
Photo Credit-Thuzar Wint Lwin FB Page

အချိန်မှီ ပြန်မရနိုင်​လောက်​တော့ဘူးလို့ထင်ပါတယ်..DHL လဲ ဒီ​နေ့ ၂ ​ခေါက်ဆက်ပါတယ်.. မထူးပါခင်ဗျာ..Emergency team လဲ ပြန်​ခေါ်ဖို့ ဖုန်းနံပါတ်​ပေးထား​သော်လဲလုံးဝ ပြန်မဆက်ပါ.. ​​​​​​ေဩာ် ဂယက်​တွေ​နော်... Evening Gown က တကယ်က သူ့ကို ကူညီမယ့်သူ​တွေ​ရော

ဒီနိုင်ငံမှာ Gownက ရှာရလွယ်​ပေမယ့် National costume က​တော့ မလွယ်ပါဘူး..New York က ကျွန်​တော် သယ်လာတဲ့ မြန်မာဝတ်စုံ ၂ စုံ ပိုပိုလိုလို ဒီ​ရောက်​တော့ ပို့​ပေးလိုက်ပါတယ်.. ဝတ်စုံ​တွေကိစ္စ စိတ်ကို ​လျော့လိုက်ပြီမို့ Candy ​လေး ပွဲမှာ အဆင်​ပြေပါ​စေပဲဆု​တောင်း​ပေးလိုက်ကြရ​အောင်​နော်.. ဘဝဆိုတာ အခက်အခဲ​ပေါင်းများစွာပါ.. ကိုယ်တိုင် Mister Tourism World ပြိုင်ခဲ့တုန်းကလဲ အရမ်း စိတ်ဖိစီးခဲ့ရ ပြသနာ​တွေ ဂယက်​တွေ တပုံကြီးပါ.. ဒါ​တောင် အရပ်ကူပါလူဝိုင်းပါ ကိုယ့်ကိုချစ်တဲ့ သူ​တွေ အကုန် ​မေတ္တာနဲ့ ဝိုင်းကူညီ​ပေးကြတာ.. ကိုယ်တိုင်ကြုံခဲ့ဖူး​တော့ ကိုယ်ချင်းစာပါတယ်.. ဆု​တောင်း​ပေး​နေပါတယ်.. မနက်ဖြန် အသံကုန် ​အော် အား​ပေးခဲ့ပါမယ်... Good Luck Miss Myanmar Candy Thuzar Thuzar Wint Lwin"ဆိုပြီး သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်တွင် ဖော်ပြလာတာ ဖြစ်ပါတယ်။မြန်မာပြည်တွင်းမှာ နိုင်ငံရေး အခြေအနေ အဆင်မပြေတဲ့ ကြားထဲကနေ တစ်ယောက်တည်း ခက်ခက်ခဲခဲ သွား ရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာဝင့်လွင် ပွဲမှာ အဆင်ပြေပြေနဲ့ ဆုတွေကို ဆွတ်ခူးလာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit-Thuzar Wint Lwin FB Page
Photo Credit-Thuzar Wint Lwin FB Page
Photo Credit-Thuzar Wint Lwin FB Page
Photo Credit-Thuzar Wint Lwin FB Page

သတင်း အရင်းအမြစ်Ye Htoo Win FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T