"မက်ဒေါနားကို ရန်စလိုက်တဲ့ လေဒီဂါဂါ"

......................................

အသက် ၃၀ နှစ်အရွယ် လေဒီဂါဂါဟာ သူမကိုယ်သူမ ဂုဏ်ယူဝံ့ကြွားတဲ့ စကားတစ်ခွန်းကို ပြောခဲ့ပြီး သူမရဲ့အဓိကပစ်မှတ်ကတော့ မက်ဒေါနား ဖြစ်ပါတယ်။ လူတွက သူမကို အသက် ၅၈ နှစ်အရွယ် မက်ဒေါနားနဲ့ မကြာခဏ နှိုင်းယှဉ်လေ့ရှိတဲ့အတွက် ကွဲပြားမှုကို သူမက ကြေညာလိုက်တာပါ။

http://bit.ly/2dU4N1D

အသက် ၃၀ နှစ်အရွယ် လေဒီဂါဂါဟာ သူမကိုယ်သူမ ဂုဏ်ယူဝံ့ကြွားတဲ့ စကားတစ်ခွန်းကို ပြောခဲ့ပြီး သူမရဲ့အဓိကပစ်မှတ်ကတော့ မက်ဒေါနား ဖြစ်ပါတယ်။ လူတွက သူမကို အသက် ၅၈ နှစ်အရွယ် မက်ဒေါနားနဲ့ မကြာခဏ နှိုင်းယှဉ်လေ့ရှိတဲ့အတွက် ကွဲပြားမှုကို သူမက ကြေညာလိုက်တာပါ။

သူမတို့နှစ်ဦးရဲ့ သီချင်းအများအပြားဟာ ဘာသာရေးနဲ့ ဆက်နွှယ်နေခြင်း၊ နှစ်ဦးစလုံးဟာ ဂေးအသိုင်းအဝိုင်းရဲ့ ချီးကျူးခြင်းကို ခံရခြင်း၊ စတိတ်စင်ပေါ်မှာ ကျွမ်းကျင်ပိုင်နိုင်မှု အပြည့်ရှိတဲ့ ရွှေအိုရောင် မိန်းမချောတွေ ဖြစ်နေခြင်း စတဲ့ တူညီတဲ့အချက်တွေ ရှိနေတာကြောင့် လူတွေက နှိုင်းယှဉ်ပြောကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတော့ သူမတို့နှစ်ဦးရဲ့ အဓိက ကွာခြားချက်ကို လေဒီဂါဂါက ဖွင့်ပြောလိုက်ပါပြီ။

"ကျွန်မသီချင်းတွေအားလုံးကို ကျွန်မဘာသာရေးတာ" လို့ သူမက အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။ လေဒီဂါဂါက သူမရဲ့စကားကို ဒီလောက်နဲ့တင် ရပ်မထားခဲ့ပါဘူး။

"ကျွန်မက တူရိယာတော်တော်များများကို တီးမှုတ်တတ်တယ်။ နေ့တိုင်း စတူဒီယိုခန်းထဲမှာ နာရီပေါင်းများစွာ နေတယ်။ ကျွန်မက ထုတ်လုပ်သူ။ ကျွန်မက သီချင်းရေးဆရာ။ ကျွန်မက သူများနဲ့မတူတာတွေ လုပ်တယ်" လို့ လေဒီဂါဂါက ထပ်ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ရန်စက အခုမှ မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက လေဒီဂါဂါက သူမရဲ့ သီချင်းတစ်ပုဒ်ကို

အလစ်သုတ်သွားတယ်လို့ မက်ဒေါနားက ပြောခဲ့ဖူးပါတယ်။

ကြည့်ရတာတော့ သူတို့နှစ်ယောက် သီချင်းအတူဆိုတာ ဘယ်တော့မှ မြင်ရမယ် မထင်ပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။