အခက်အခဲတွေများစွာ ရင်ဆိုင်ရပြီးနောက် ပြိုင်ပွဲနေ့တွင် ဝတ်ဆင်ရမယ့်ဝတ်စုံအသေးစိတ်ကို ပြောပြလာတဲ့ သူဇာဝင့်လွင်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/bd/bdd5f7c8eebed54a958e4952d4b135ce693883a5.jpeg
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

Miss Myanmar Universe 2020 ရဲ့ Winner ဆုရှင်ကတော့ မော်ဒယ် သူဇာဝင့်လွင်ပဲ  ဖြစ်ပါတယ်။ သူမကတော့ Miss Universe ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ်  အမေရိကန်နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ သူမရဲ့ ပြိုင်ပွဲဝင်ဝတ်စုံတွေ ထည့်ထားတဲ့ အိတ်ဟာ မထင်မှတ်ဘဲ LA လေဆိပ်တွင် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့ အိတ်ကို ပြန်ရှာတွေ့နိုင်အောင်လည်းခင်မင်ရင်းနှီးကြသူများက  အတတ်နိုင်ဆုံးကူညီပေးနေတာ ဖြစ်ပါတယ်။

Photo Crd- Thuzar Wint Lwin’s Facebook Page 
Photo Crd- Thuzar Wint Lwin’s Facebook Page 
Photo Crd- Thuzar Wint Lwin’s Facebook Page 
Photo Crd- Thuzar Wint Lwin’s Facebook Page 

နောက်ဆုံးမှာတော့ သူမရဲ့ အိတ်ဟာ လုံးဝကို ပြန်ရှာမတွေ့တော့တဲ့ အနေအထားကို ရောက်ရှိနေပါပြီ။သို့သော်လည်း အားလုံးရဲ့ကူညီပေးမှုတွေကြောင့် ပြိုင်ပွဲကို အခက်အခဲတွေကြားကနေ ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူဇာဝင့်လွင်ရဲ့ Facebook Story တွင် Final ပွဲတွင် ဝတ်ဆင်မယ့် ဝတ်စုံများနဲ့ပတ်သက်တဲ့ အသေးစိတ်ကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်ကို တင်ထားတာ ဖြစ်ပါတယ်။ သူမကတော့မနက်ဖြန်အင်တာဗျုးအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေပြီး National Costume အတွက် အမေရိကန်နိုင်ငံတွင်ရှိတဲ့ ချင်းလူမျိုးများမှ သူတို့ရဲ့ရိုးရာဝတ်စုံကို ပို့ပေးထားကြတာ ဖြစ်ပါတယ်။

Photo Crd- Thuzar Wint Lwin’s Facebook Page 
Photo Crd- Thuzar Wint Lwin’s Facebook Page 
Photo Crd- Thuzar Wint Lwin’s Facebook Page 
Photo Crd- Thuzar Wint Lwin’s Facebook Page 

Final Evening Gown အတွက်လည်း Miss Universe Organization ကလည်း စီစဉ်ပေးနေပြီး အမေရိကန်နိုင်ငံတွင်ရှိတဲ့ ဒီဇိုင်နာများမှလည်း သူတို့ရဲ့ ဝတ်စုံတွေကို ပို့ပေးတဲ့အတွက် သူမကြိုက်တာကို ရွေးချယ်ပြီး ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ သူမကို စိတ်ပူပေးကြသူများအားလုံးကိုလည်း ကျေးဇူးတင်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတဲ့အတွက် ဆက်လက်ပြီး အားပေးကြဖို့ကိုလည်း ပြောကြားထားပါသေးတယ်။ ထိုအားပေးမှုတွေကြောင့်သာသူမယှဉ်ပြိုင်ဖို့ ခွန်အားတွေရရှိနေတာ ဖြစ်ကြောင်း ပြောထားတာ ဖြစ်ပါတယ်။  ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေစဉ်အတွင်းမှာလည်း အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း Candy လေးရဲ့ယှဉ်ပြိုင်မှုကို အားပေးကြည့်ရှုပေးကြပါဦးနော်။

Source and Photo Crd- Thuzar Wint Lwin’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T