အမုန်းတရားတွေကိုရှေ့တန်းတင်မလား ပြည်သူနဲ့လက်တွဲပြီး ချစ်ခြင်းတရားနဲ့ ရှေ့ဆက်ချီတက်မလား ဆိုတာကို မေးခွန်းထုတ်လိုက်တဲ့ မင်းမော်ကွန်း

//s9.kh1.co/3b/3ba3e23b203dac6e83247d22658f3ebb1e672a9b.jpeg
အနုပညာရှင်များ

 ၁၄-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.....

အကယ်ဒမီ မင်းမော်ကွန်းကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေမှာဆိုရင် ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ တစ်သားတည်း စိတ်ရောကိုယ်ပါ နှစ်ပြီး ပါဝင်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်။ရရာနေရာကနေ လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒတွေကို ဟစ်ကြွေးဖော်ထုတ်ရင်း နေ့စဉ်တိုင်းလိုလို တစ်ရက်မနားတမ်း လှုပ်ရှားမှုပြုခဲ့ပါတယ်။ ဒါကြောင့်လည်း ခုချိန်မှာ ခြိမ်းခြောက် ခံရမှုတွေ ရှိလာလို့ မိသားစုနဲ့ ခွဲခွာကာ တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

Photo Credit : Kyaw Kyaw Htway Lwin Facebook Account
Photo Credit : Kyaw Kyaw Htway Lwin Facebook Account
Photo Credit : Kyaw Kyaw Htway Lwin Facebook Account
Photo Credit : Kyaw Kyaw Htway Lwin Facebook Account

ခုချိန်မှာ  မင်းမော်ကွန်းက ကိုယ်တိုင် လမ်းပေါ်မထွက်နိုင်ပေမယ့်လည်း သူရဲ့အကောင့်မှာတော့ အရေးကြီး သတင်းတွေနဲ့ သူရဲ့ရင်ထဲက ခံစားချက် အစစ်အမှန်တွေကိုလည်း ရေးသားဖော်ပြကာ ဒီနေ့ထိ အားဖြည့် ပါဝင်နေဆဲပါ။ ဒါ့အပြင် လှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေအတွက်လည်း ဂုဏ်ပြုစကားလေးတွေ အမြဲပြောကာ စိတ်ခွန်အားတွေ ပေးတတ်သလို   ဒီလှုပ်ရှားမှုမှာ ပါဝင်နေသူတိုင်းကိုလည်း  ဂရုတစိုက်နဲ့ နေထိုင်ကြဖို့ကိုလည်း အမြဲမှာကြားနေသူပါ။  

Photo Credit : Kyaw Kyaw Htway Lwin Facebook Account
Photo Credit : Kyaw Kyaw Htway Lwin Facebook Account
Photo Credit : Kyaw Kyaw Htway Lwin Facebook Account
Photo Credit : Kyaw Kyaw Htway Lwin Facebook Account

အခြေအနေအရပ်ရပ်ကြောင့်  မိသားစုနဲ့ ခွဲခွာနေရပေမယ့်လည်း  အရေးတော်ပုံကြီး အောင်မြင်ဖို့ စိတ်အားထက်သန်နေသူ ဖြစ်တာကြောင့်  ပရိသတ်တွေက  လေးစားနေကြတာပါ။ အခုလည်း သူရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ အမုန်းတရားတွေကို ရှေ့တန်းတင်မလား ပြည်သူနဲ့လက်တွဲပြီး ချစ်ခြင်းတရားနဲ့ ရှေ့ဆက်ချီတက်မလားဆိုတဲ့ အကြောင်းအရာလေးနဲ့ ပတ်သက်ပြီး ခုလိုရေးသားဖော်ပြထားတာတွေ့ရပါတယ်။ " မင်းအဖေလည်းပြည်သူ မင်းအမေလည်းပြည်သူ မင်းမိန်းမသားသမီးတွေလည်းပြည်သူ ငါတို့အမုန်းတရားတွေရှေ့တန်းတင်မလား ပြည်သူနဲ့လက်တွဲပြီးချစ်ခြင်းတရားနဲ့ ရှေ့ဆက်ချီတက်မလား မင်းသေသေချာချာရွေးပါ သူငယ်ချင်း"ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း မင်းမော်ကွန်းတစ်ယောက် ဘေးကင်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Kyaw Kyaw Htway Lwin Facebook Account
Source & Photo Credit : Kyaw Kyaw Htway Lwin Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T