သမီးငယ်လေးရဲ့ပထမဆုံးမွေးနေ့မှာ မိသားစုနဲ့အတူမရှိနိုင်လို့ ဝမ်းနည်းစွာတောင်းပန်ရင်း အဝေးက ဆုတောင်းပေးလိုက်တဲ့ Rဇာနည်

//s9.kh1.co/59/5961c05057ca34f57d2139bd1cd206d3607753a1.jpeg
အနုပညာရှင်များ

 ၁၄-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

..

အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့ အတူရပ်တည်ကာ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့သူကတော့ Rဇာနည်ပဲ ဖြစ်ပါတယ်..။

​တတ်နိုင်သလောက် အကောင်းဆုံးကြိုးစား ပါဝင်အားဖြည့်ခဲ့တာတွေကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရပြီး လက်ရှိမှာတော့ လုံခြုံရေးအတွက် ရှောင်တိမ်းရင်း အရေးတော်ပုံအတွက်လည်း ကြိုးစားတိုက်ပွဲဝင်နေတဲ့ Rဇာနည်ကတော့ မိသားစုနဲ့ ရင်သွေးလေးတွေကို သတိရလွမ်းနေတဲ့အကြောင်း ပြောပြလာပါတယ်..။

Photo Credit - Zarni Myonyunt's Fb Acc
Photo Credit - Zarni Myonyunt's Fb Acc
Photo Credit - Zarni Myonyunt's Fb Acc
Photo Credit - Zarni Myonyunt's Fb Acc

ဒီကနေ့မှာ ပထမဆုံးတစ်နှစ်ပြည့် မွေးနေ့ကျရောက်လာတဲ့ သမီးငယ် မစ်မစ်လေးရဲ့မွေးနေ့မှာ မိသားစုနဲ့အတူ မရှိနိုင်လို့ ဝမ်းနည်းစိတ်မကောင်းစွာ တောင်းပန်ရင်း သမီးလေးအတွက် အဝေးကနေ ဆုတောင်းစကားလေးဆိုလိုက်တာ ဖြစ်ပါတယ်..။

အရမ်းချစ်ရတဲ့ သမီးလေး မစ်မစ်အတွက် မွေးနေ့ဆုတောင်းပေးရင်း အရမ်းလည်း လွမ်းနေတဲ့အကြောင်းကိုလည်း Rဇာနည်က ရေးသားပြောပြထားပါသေးတယ်..။

Photo Credit - Zarni Myonyunt's Fb Acc
Photo Credit - Zarni Myonyunt's Fb Acc
Photo Credit - Zarni Myonyunt's Fb Acc
Photo Credit - Zarni Myonyunt's Fb Acc

"Happy Birthday ????? သမီးငယ် 

မစ်မစ်လေး သမီးရဲ ပထမဆုံး တစ်နှစ်ပြည့်မွေးနေ့မှာ ပါပါး သမီးနဲ့အတူရှိမနေနိုင်တာ sorry ပါနော် ပါပါးသမီးလေးကိုအရမ်းလဲလွမ်းတယ် အရမ်းလဲချစ်တယ်နော် သမီးလေး မေဘုန်းဇာနည် တစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာ မိသားစုနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ ကိုယ်ကျန်းမာစိတ်ချမ်းသာ ပြီး ဘာသာသာသနာအကျိုး လူသားအားလုံးအကျိုးကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပါစေ လို့ ပါပါးဆုတောင်းပေးပါတယ် l love you Baby လေး ❤️?? မွချိ.." ဆိုပြီး မွေးနေ့ဆုတောင်းစကားလေး ဆိုထားတာပါ..။

သမီးငယ်လေးရဲ့ ပထမဆုံးတစ်နှစ်ပြည့် မွေးနေ့လေးမှာ မိသားစုနဲ့အတူ မရှိနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ Rဇာနည်ကို ပရိသတ်တွေက အားပေးစကားပြောရင်း မစ်မစ်လေးအတွက်လည်း မွေးနေ့ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Zarni Myonyunt's Fb Acc
Photo Credit - Zarni Myonyunt's Fb Acc
Photo Credit - Zarni Myonyunt's Fb Acc
Photo Credit - Zarni Myonyunt's Fb Acc

သတင်း အရင်းအမြစ်Zarni Myonyunt's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T