National Costume competition မှာ ချင်းဝတ်စုံကိုဝတ်ဆင်ပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရတာခဲ့တာက တိုက် ဆိုင်မှုတစ်ခုလို့ ပြောပြလာတဲ့ သူဇာဝင့်လွင်

//s9.kh1.co/13/13bf8633d11765f49d7b85afc7517b3e594a4158.jpg
အနုပညာရှင်များ

 ၁၄-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အလှမယ် သူဇာဝင့်လွင်က Miss Universe Myanmar 2020 ရဲ့ Winner ဆုကို ထိုက်ထိုက် တန်တန် ရရှိထားသူ ဖြစ်ပြီး သရုပ်ဆောင်၊အဆိုတော် မေရဲ့တစ်ဦးတည်းသော ညီမလေးလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ (၆၉)ကြိမ်​မြောက် Miss Universe ပြိုင်ပွဲကြီးကို Miami မှာ ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။နွေဦးတော်လှန်ရေးမှာ ဆိုရင်လည်း ပြည်သူတွေဘက်ကနေ အစွမ်းကုန်ပါဝင် လှုပ်ရှားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပြည်သူတွေနဲ့ တစ်သား တည်း ရပ်တည်နေတုန်း ဖြစ်ပါတယ်။

Photo Credit -Thuzar Wint Lwin FB page
Photo Credit -Thuzar Wint Lwin FB page
Photo Credit -Thuzar Wint Lwin FB page
Photo Credit -Thuzar Wint Lwin FB page

ဒီနေ့ကတော့ Miss Universe ပြိုင်ပွဲကြီးရဲ့ National Costume competition မှာ မြန်မာ နိုင်ငံကိုယ်စားပြု အလှမယ် သူဇာဝင့်လွင်က ချင်းဝတ်စုံကို ဝတ်ဆင်ပြီး စင်မြင့်ထက်မှာ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တာ ပဲဖြစ်ပါတယ်။မြန်မာတို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ဖော်ဆောင်ရည်ညွှန်းချင်တဲ့ ပစ်တိုင်းထောင်ဝတ်စုံလေး မရောက်ရှိလာပေမယ့်လည်း အမေရိကမှာရှိတဲ့ ချင်လူမျိုးမိတ်ဆွေတို့ရဲ့ အကူအညီနဲ့ အဆင်ပြေခဲ့တာကို အခုလိုရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။

Photo Credit -Thuzar Wint Lwin FB page
Photo Credit -Thuzar Wint Lwin FB page
Photo Credit -Thuzar Wint Lwin FB page
Photo Credit -Thuzar Wint Lwin FB page

"Miss Universe Myanmar ပွဲမှာ ချင်းပြည်နယ်ရဲ့ ဟားခါးမြို့ကို ကိုယ်စားပြုယှဥ်ပြိုင်ခဲ့ပြီး အခုတစ်ခါ Miss Universe ပြိုင်ပွဲကြီးရဲ့ National Costume competition မှာလည်း ချင်းဝတ်စုံကိုဝတ်ဆင်ပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရတာခဲ့တာ တကယ်ကို မှတ်မှတ်ရရဖြစ်စေတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ။ကျွန်မရဲ့ နဂိုစီစဥ်ထားတဲ့ National Costume ဟာ အကြောင်းအမျိုးမျိုးကြောင့် အချိန်မှီရောက်မလာနိုင်ခဲ့ပါဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ အမေရိကမှာရှိတဲ့ ချင်းလူမျိုးမိတ်ဆွေတို့ရဲ့အကူအညီနဲ့ ချင်းဝတ်စုံလှလှလေးကိုဝတ်ဆင်ပြီး အကောင်းဆုံးယှဥ်ပြိုင်နိုင်ခဲ့ပါတယ်။ခုလို ကျွန်မ ကို National Costume အတွက် အကူအညီပေးပြီး ချင်းသမီးပျိုလေး နောက်တစ်ကြိမ်ဖြစ်ခွင့်ပေးခဲ့တဲ့ အမေရိကရောက် ချင်းလူမျိုးများနှင့် ချင်းတောင် တန်း(အတ္တလန်တာ, ဂျော်ဂျီယာ) အဖွဲ့ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပြောပါရစေရှင် ၁၆ ရက်နေ့ Final ပွဲကြီးအထိ ဆက်လက်အားပေးသွားကြဖို့လည်း တောင်းဆိုပါတယ် It is such a beautiful coincidence that I represented Hakha (Capital of Chin State) in Miss Universe Myanmar and now I had to wear the Chin costume again and represented Myanmar on Miss Universe stage. My official NC couldn't make it here in time for some reasons. But with the help of Chin community here, I was able to get the Chin attire and did my best in NatCos competition. Massive thanks to beloved Chin peopel here and Chin Taung Tan (Atlanta, Georgia) for helping me out and letting me be theirs once again."ဆိုပြီး လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြပေးလာတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ သူမဝတ်ဆင်မယ့် ဝတ်စုံတွေပါတဲ့ အိတ်တွေ ပြန်မရရှိသေးတာရယ် စတဲ့ အခက်အခဲတွေ မျိုးစုံကြားထဲက စွန့်စားပြီး သွားရောက် ယှဉ်ပြိုင်တာကြောင့် ပရိသတ်တွေ ထပ်ပြီး အားပေးလိုက်ကြပါဦးနော်.....

Photo Credit -Thuzar Wint Lwin FB page
Photo Credit -Thuzar Wint Lwin FB page
Photo Credit -Thuzar Wint Lwin FB page
Photo Credit -Thuzar Wint Lwin FB page

သတင်း အရင်းအမြစ်Thuzar Wint Lwin FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T