တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျဆုံးသွားကြတဲ့ အစ္စလာမ်ဘာသာဝင်ပြည်သူတွေအတွက် ဆုတောင်းပေးလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/ed/edd3ffdcaaedd5fd22e7d5e1bec1878b584e8c16.jpeg
အနုပညာရှင်များ

 ၁၄-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားကြတဲ့ ဇာတ်ပို့သရုပ်ဆောင် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေသူပါပဲ..။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ တတ်နိုင်သလောက်ပါဝင်အားဖြည့်ကာ လှူဒါန်းမှုတွေလည်း ပြုလုပ်သလို ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက်လည်း ဖေးမကူညီတာလည်း တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

နှိုင်းယှဉ်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပြည်သူတွေအပြင် အသက်ပေးသွားကြတဲ့ အစ္စလာမ်သူရဲကောင်းတွေအတွက်လည်း ဒီကနေ့မှာ ဆုတောင်းစကားတွေ ဆိုလာပါတယ်..။

ကျဆုံးသွားကြတဲ့ သူရဲကောင်းအစ္စလာမ် ဘာသာဝင်များကို အီဒ်း ရက်မြတ်အခါ မှာ အစ္စလာမ်သာဘာဝင်တွေရဲ့ ထုံးစံအတိုင်း အလ္လာရှင်တော်မြတ်စောင့်ရှောက်ပါစေ ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ သတိတရနဲ့ ဆုမွန်ကောင်း တောင်းပေးထားတာ ဖြစ်ပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

"နွေဦးတော်လှန်ရေးတွင်အသက်ပေးသွားကြသောသူရဲကောင်း အစ္စလာမ် ဘာသာဝင် များကို ယနေ့ကျရောက်သော အီဒ်း ရက်မြတ်အခါ မှာ အစ္စလာမ်သာဘာဝင်များ၏ ထုံးစံအတိုင်း အလ္လာရှင်တော်မြတ်စောင့်ရှောက်ပါစေ???.." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျဆုံးသွားကြတဲ့ အစ္စလာမ်ဘာသာဝင်ပြည်သူတွေအတွက် ဆုတောင်းပေးထားတဲ့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ပို့စ်ကို ပရိသတ်တွေကလည်း အားပေးဆုတောင်းထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T