နာမည်ကျော် Hack and Slash Game အမျိုးအစားဖြစ်တဲ့ Warriors Series ကတော့ မတူကွဲပြားတဲ့ Titles တွေနှင့် Game များစွာထွက်ရှိထားသလို ယခုအခါမှာလည်း Warriors Series ထဲမှာ ပထမဆုံးTitle အသစ်အနေနှင့် Warriors All-Stars ထွက်ရှိလာတော့မှာပါ။

ယခု Warriors All-Stars ကတော့ ယခင်နောင်တော် Warriors Games တွေအတိုင်းပင် Hack and Slash သာအဓိကဖြစ်ပြီး ကိုင်တွယ်အသုံးပြုနိုင်သော ဇာတ်ကောင်၃ဝပါဝင်လာမှာဖြစ်ပြီး နာမည်ကျော်လူကြိုက်များတဲ့ Lu Bu, Zhao Yun, Kasumi, Ryu Hayabusa, Yukimura Sanada တို့အပြင် ယခုနာမည်ကျော်နေတဲ့ Niohထဲက William လည်းပါဝင်လာမှာဖြစ်သည့်အပြင် အခြားဇာတ်ကောင်များစွာလည်းပါဝင်လာမှာပါ။

Warriors All-Stars ကို Omega Force ကဖန်တီးရေးဆွဲပြီး Koei Tecmo က ယခုနှစ် စက်တင်ဘာ ၁ရက်နေ့မှ PlayStation 4 နှင့် Windows အတွက် Steam ကနေတစ်ဆင့်ထုတ်လုပ်ဖြန့်ချိသွားမှာပါ။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။