ဂျပန် Game ကုမ္ပဏီ Koei Tecmo ရဲ့ နာမည်ကျော် Title တစ်ခုဖြစ်တဲ့ Dynasty Warriors စီးရီးက Titles အမျိုးမျိုးနဲ့ပွဲထုတ်ခဲ့တာကြာပြီဖြစ်သလို ယခုနောက်ဆုံးထွက်ရှိထားတဲ့ Dynasty Warriors ထဲက God Seekers အပြင် ယခုအခါ ပရိသတ်တွေမျှော်လင့်စောင့်စားနေတာကြာပြီဖြစ်တဲ့ Dynasty Warriors 9 ကိုထုတ်လုပ်တော့မှာပါ။

ပရိသတ်တွေမျှော်လင့်စောင့်စားနေရကျိုးနပ်တယ်လို့ ပြောရအောင်ပင် ယခု Dynasty Warriors 9 က Open World အဖြစ်ပွဲထွက်လာမှာပါ။ Dynasty Warriors 9 အနေနှင့် Open World ဖြစ်လာတာနှင့်အညီ RPG ဆန်ဆန် Gameplay တွေကိုပါထည့်ရှိလာပြီး Fast Travel စနစ်ကိုပါ Developers တွေဖြစ်တဲ့ Omega Force ကထည့်သွင်းထားပါတယ်။

Dynasty Warriors 9 မှာ ကိုင်တွယ်နိုင်တဲ့ ဇာတ်ကောင်အသစ်အဖြစ် Wu အတွက် Cheng Pu ကပါဝင်လာမှာဖြစ်ြ့ပီး ယခင်ကဇာတ်ကောင်အားလုံးလည်းပါဝင်လာမှာပါ။ လောဆယ် Overseas အတွက် ထွက်လာမည့်Paltformနှင့်ရက်ကို မပြောရသေးသော်လည်း ဂျပန်နိုင်ငံတွင်မှု PlayStation 4 အတွက်ထွက်ရှိလာမည်ဖြစ်ကြောင်း Publisher ဖြစ်တဲ့ Koei Tecmo ကပြောကြားထားပါတယ်။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။