ယခင်အပတ်က ဂျပန် Jump Magazine က Dragon Ball FighterZ game မှာ Future Trunks ပါဝင်လာမယ်လို့အတည်ပြုခဲ့ပါတယ်။ ထိုပမောက် သိပ်မကြာခင်မှာပဲ Future Trunks ပါဝင်တဲ့ Dragon Ball FighterZ game ရဲ့ Screenshot ထွက်ရှိလာပါတယ်။

Future Trunks ဟာ Dragon Ball Z universe ထဲက ပရိသတ်တွေကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်ပြီး ယခုထွက်ရှိလာတဲ့ Dragon Ball FighterZ game ရဲ့ Screenshot မှာ သူနဲ့သူ့ရဲ့ဓားကိုအတူတကွတွေ့ရှိရမှာပါ။

E3 2017 မှာကြေငြာထုတ်ပြခဲ့တဲ့ နာမည်ကျော် Dragon Ball Z ရဲ့ game တစ်ခုဖြစ်တဲ့ Dragon Ball FighterZ ဟာ Developers Arc System က ဖန်တီးရေးဆွဲထားပြီး PlayStation4, Xbox One နှင့် Windows PC အတွက်လာမည့်နှစ်မှာထွက်ရှိလာမည့် VS fighting Game အမျိုုးအစားတစ်ခုဖြစ်ပါတယ်။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။