မှတ်ဉာဏ်ချို့ယွင်းနေတဲ့ မန္တလေးက အသက် (၈၀) နီးပါး အဘတစ်ယောက် ပျောက်ဆုံးသွားလို့ အကူအညီတောင်းခံလာသူတစ်ဦး

//s9.kh1.co/f0/f01b1256ccf596ad98a04f16487ae3c2b46612e5.png
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကျန်းမာကြံ့ခိုင်မှုတွေ တဖြည်းဖြည်းလျော့ကျလာပြီး တစ်ခါတစ်ရံမှာ မှတ်ဉာဏ်မကောင်းတာတွေပါဖြစ်ပေါ်လာတတ်ပါတယ်။ ဒီနေ့မှာလည်း မန္တလေးမြို့က အသက်အရွယ်ကြီးရင့်နေတဲ့ အဘတစ်ယောက်ဟာ မှတ်ဉာဏ်ချို့ယွင်းတဲ့ ဝေဒနာခံစားနေရပြီး အိမ်သူအိမ်သားတွေမသိခင်မှာဘဲ ထွက်သွားတာကြောင့် မိသားစုတွေ အတော်လေးစိတ်ပူနေခဲ့ပါတယ်။ ယခင်ကတည်းထွက်သွားဖူးပေမယ့် နေ့မကူးခင်ပြန်တွေ့ခဲ့ဖူးပါတယ်။ ဒီတစ်ခေါက်မှာတော့ (၁၃.၅.၂၀၂၁) ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ယနေ့ထက်တိုင်ပြန်မတွေ့ရသေးပါဘူး။

Photo Credit  - Thet Su's FB Acc
Photo Credit - Thet Su's FB Acc

အသက်အရွယ်ကလည်း (၈၀) နားနီးလာပြီဖြစ်သလို မှတ်ဉာဏ်လည်းချို့ယွင်းနေသူမို့ မိသားစုတွေရတက်မအေးနိုင်ဖြစ်နေရပါတယ်။ နိုင်ငံရေးအခြေအနေမကောင်းတဲ့ အခုလိုကာလဖြစ်တာကြောင့် ကြေငြာစာကပ်ဖို့ကိုလည်း Agency တွေက မလုပ်ရဲကြပါဘူး။ ယခင်ပျောက်သွားခဲ့စဉ်က စိန်ပန်းနဲ့ ကမ်းနားဖက်မှာပြန်တွေ့ခဲ့တာဖြစ်ပြီး သစ်ပင်တွေရှိတဲ့ နားကို သွားတတ်တယ်လို့ဆိုပါတယ်။ အဘကိုလမ်းမှာတွေ့ခဲ့သူရှိရင်လည်း မိသားစုကို အကြောင်းကြားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

Photo Credit  - Thet Su's FB Acc
Photo Credit - Thet Su's FB Acc

အဘပျောက်ဆုံးသွားတဲ့အကြောင်းကို မိသားစုရဲ့အသိမိတ်ဆွေတစ်ယောက်က " Mandalay က အသိ အမတစ်ယောက်ရဲ့ အဖေ အိမ်မှာ လူမသိချိန် ထွက်သွားလို့ပါ အဖိုးက အသက် (၈၀) နား ကပ်ပြီး မှတ်ဉာဏ်မေ့နေပါတယ် အရင်တစ်ခါထွက်သွားဖူးတာ စိန်ပန်းနဲ့ ကမ်းနားဘက်မှာ နေ့ချင်း ပြန်တွေ့ဖူးပါတယ် သစ်ပင်တွေရှိတဲ့ဘက်သွားတက်တယ်တဲ့ ဒီကာလမှာ ကြေငြာစာကပ်ဖို့ Agency တွေကလည်း မလုပ်ရဲတော့ အကူညီတောင်းလာလို့ Post တင်ပေး လိုက်ပါတယ် Mandalay Group တွေထဲ သိအောင် Share ပေးခြင်းဖြင့် ကူညီပေးကြပါဦးရှင် 13 နေ့ မနက်ထဲကပျောက်သွားတာ အခုထိရှာတာမတွေ့လို့ မိသားစုတွေ စိတ်ပူနေကြတာပါ ဒီကာလမှာ ၁ပူပေါ် ၁ပူဆင့်ဆိုတော့ ကိုယ်ချင်းစာပါတယ် အသက်ကြီးတော့ ဆေးတွေလည်း နေ့တိုင်းသောက်နေရပါတယ်တဲ့ တွေ့များတွေ့ခဲ့ရင် အဘိုး မိသားစုရဲ့ဖုန်းများကို ဆက်သွယ် ပေးကြပါဦးရှင့် ? " ဆိုပြီး လူမှုကွန်ရက်ကနေ အကူညီတောင်းခံလာခဲ့တာပဲဖြစ်ပါတယ်။ ဘေးကင်းကင်းနဲ့ အမြန်ဆုံး မိသားစုတွေနဲ့ တွေ့ဆုံရပါစေ။

Photo Credit  - Thet Su's FB Acc
Photo Credit - Thet Su's FB Acc

သတင်း အရင်းအမြစ်Thet Su's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T