ပြိုင်ပွဲမှာ ၀တ်ဆင်ယှဉ်ပြိုင်ခွင့်မရလိုက်ပေမယ့် အရမ်းလှလွန်းတဲ့၀တ်စုံလေးဖြစ်တာကြောင့် နှမြောမိတဲ့အကြောင်းပြောလာတဲ့ သူဇာ၀င့်လွင်

//s9.kh1.co/82/8222ae9fad7fe26345157e9ffb6c49dc2391d51f.jpg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမတည်ငြိမ်နေတဲ့အခက်အခဲအခြေအနေတွေကြားထဲကနေ မြန်မာနိုင်ငံကိုယ်စားပြု Miss Universeတစ်ယောက်အနေနဲ့ Miamiမှာ သွားရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာ၀င့်လွင်ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်။ သူဇာ၀င့်လွင်ဟာ Miss Universeပြိုင်ပွဲကြီးကို မြန်မာ့ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် လေဆိပ်မှာတင် Luggageပျောက်ဆုံးသွားတဲ့အတွက် အခက်အခဲများစွာနဲ့ တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။

Photo credit - Aung Kyaw Tun
Photo credit - Aung Kyaw Tun
Photo credit - Aung Kyaw Tun
Photo credit - Aung Kyaw Tun

အခက်အခဲများစွာနဲ့ယှဉ်ပြိုင်ခဲ့ရပေမယ့် သူဇာ၀င့်လွင်ဟာ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မြန်မာ့အရေးနဲ့ပက်သက်ပြီးတော့လည်း စင်မြင့်ထက်မှာ တောင်းဆိုခဲ့တဲ့သူပါ။ သူဇာ၀င့်လွင်ဟာ ပြိုင်ပွဲမှာ၀တ်ဆင်ခွင့်မရလိုက်တဲ့ သူမပြင်ဆင်ထားတဲ့ ၀တ်စုံလေးနဲ့ပုံရိပ်တွေကို Facebookစာမျက်နှာမှာ တင်ပေးလာပြီး "ဒီ Evening Gown အနီလေးက ပြိုင်ပွဲ မှာဝတ်ဖို့

အတွက်ရည်ရွယ်ပြီး သူဇာ့ကိုယ်တိုင်းနဲ့အသေးစိတ်ချုပ်ပေးထားတဲ့ဝတ်စုံလေးမို့ သူဇာလဲနှမြောနေသလို ပရိတ်သတ်တွေလဲနှမြောနေမှာကို နားလည်ပါတယ်.....။

Photo credit - Aung Kyaw Tun
Photo credit - Aung Kyaw Tun
Photo credit - Aung Kyaw Tun
Photo credit - Aung Kyaw Tun

"ဒါပေမယ့် သူဇာ့ ရဲ့ Luggage ပြန်မရတော့တဲ့

အခြေအနေမှာ Miss Universe Organization က

ဝတ်စုံစီစဉ်ပေးခဲ့တာကိုက အရမ်းကျေးဇူးတင်စရာကောင်းနေပါပြီ အကောင်းဆုံးဖြစ်အောင်လဲကြိုးစားယှဉ်ပြိုင်နေပါတယ်,စိတ်ပူပြီး အားပေးကြတဲ့ ပရိတ်သတ်တွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ❤️ ....." ဆိုပြီးရေးသားတင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit - Aung Kyaw Tun
Photo credit - Aung Kyaw Tun

သတင်း အရင်းအမြစ်Thuzar Wint Lwin's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T